အပိုင်း ( 1844 ) ပုရွက်ဆိတ်က ဆင်ကိုထိခိုက်စေနိုင်မှာလား

108 9 0
                                    

အပိုင်း ( 1844 )

အခြားတစ်ဖက်မှာ၊ တန်းချုံကျန်းက လေ့ကျင့်မှုကို မရပ်တန့်ခဲ့ပါဘူး။

ချူးယွန်ဆီကနေ သတင်းကြားရပြီးနောက် သူအနည်းငယ်စိတ်လှုပ်ရှားသွားခဲ့ပါတယ်။ ကျူဝမ်ငါးဆယ် အဓိပဓိအဆင့်ကို ရောက်လာကတည်းက သူ့မှာ ပြိုင်ဘက်မရှိတော့ပါဘူး။

ဒါကြောင့် သူဟာ အထွတ်အထိပ်မှာပဲ တစ်ယောက်တည်း အမြဲလိုလို နေခဲ့ရပါတယ်။

အခုတော့ စိန်ခေါ်မှုတွေ အပြည့်ရှိတဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့လာခဲ့ရပါပြီ။ ဒါက တန်းချုံကျန်းကို အလွန် စိတ်လှုပ်ရှားစေခဲ့ပါတယ်။

ပိုမြင့်မားတဲ့ နယ်ပယ်တစ်ခု ရှိသေးမှတော့ ငါ သဘာဝအတိုင်း မယဉ်ကျေးတော့ဘူး။

ငါတိုက်ခိုက်ချင်တယ်၊ ကြိုးစားမယ်။

ဒီစက်ဝိုင်းအပြင်မှာ ဘာတွေရှိလဲသိချင်တယ်။

အင်မော်တယ်တွေက ဘယ်လောက်ထိ သန်မာတယ်ဆိုတာ ငါသိချင်မိတယ်။

ဒါတွေအားလုံးက တန်းချုံကျန်းရဲ့ ပန်းတိုင်တွေပါ။

သူဟာ ကိုယ်ပိုင် အချိန်စီးဆင်းမှုကို မြှင့်တင်ထားကြောင့် ‌လေ့ကျင့်မှုနှုန်းကလည်း အလွန်မြန်ဆန်ခဲ့ပါတယ်။ ဒါက မျောလွင့်တိမ်တိုက် ကြယ်ကောင်းကင်လောက် မမြန်ပေမဲ့လည်း အချိန်ကုန်သက်သာစေခဲ့ပါပြီ။

အခုဆိုရင် သူက သတ္တမအဆင့်နဲ့ ခြေတစ်လှမ်းပဲ ဝေးကွာတော့တာပါ။

"နောက်ဆုံးအဆင့်"
တန်းချုံကျန်းက မျက်လုံးကို ပြန်မှိတ်လိုက်ပါတယ်။ အရင်က သူ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ တစ်ခုခု လိုနေသေးသလို မတက်လှမ်းနိုင်ခဲ့ပါဘူး။

ဒီတစ်ကြိမ်မှာတော့ သူဟာ နောက်အဆုံးအလွှာကို တိုက်ရိုက်ဖြတ်ကျော်ဖို့ ဆေးဝါးတွေနဲ့ သေချာ ပြင်ဆင်ထားခဲ့ပါတယ်။

မျှော်လင့်ထားတဲ့အတိုင်း ဒီတစ်ကြိမ်တော့ သူ့ကို စိတ်မပျက်စေတော့ပါ။

နှစ်ဝက်ကြာပြီးနောက် ကောင်းကင်မြို့အထက် ဟင်းလင်းပြင်က တုန်ခါသွားပါတယ်။ ဖီးနစ်ဧကရာဇ်စစ်ကမ္ဘာရဲ့ စွမ်းအင်တွေက တန်းချုံကျန်းဆီကို အရူးအမူး စီးဝင်လာခဲ့ပါပြီ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now