အပိုင်း ( 1839 ) ဝိညာဉ်ရေးဆွဲနည်း

105 10 0
                                    

အပိုင်း ( 1839 )

ချူးယွန်ရဲ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်။ အခု ကပ်ဘေးသတ္တမအဆင့်ပြီးနောက် နိယာမတွေက ရှင်းလင်းနေပြီဖြစ်လို့ တန်းချုံကျန်းကို သတင်းကောင်း ပြောပြချင်နေခဲ့ပါပြီ။

တန်းချုံကျန်းက ကြယ်လေးပွင့်ကောင်းကင်မှာ သူပြီးရင် ဒုတိယအသန်မာဆုံးပါ။

ဟုတ်ပါတယ်၊ ဒီအထဲမှာ ဟွာမိန်းကလေးတော့ မပါဝင်ခဲ့ပါဘူး။

ချူးယွန်ရဲ့ အတွေးတစ်ခုနဲ့ နောက်အခိုက်မှာ ဖီးနစ်ဧကရာဇ်စစ်ကမ္ဘာရဲ့  ကောင်းကင်မြို့တော်မှာ ပေါ်လာခဲ့ပါပြီ။ တော်ဝင်နန်းတော်ရှေ့မှာတော့ တန်းချုံကျန်းက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ရပ်နေလို့ပါ။ သူက ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ပြင်ကြီးကို ငေးကြည့်နေခဲ့ပါတယ်။

ချူးယွန်ရောက်လာတာကို မြင်တဲ့အခါ တန်းချုံကျန်းက မျက်ခုံးပင့်ပြီး ပြောလိုက်တယ်။
"ဒီနှစ်တွေအတွင်းမှာ တိုင်ဂန်စစ်ကမ္ဘာတစ်လျှောက်က ရှေးဟောင်းအမွေအနှစ်တွေကို ရှာဖွေဖို့ လှည့်ကင်းခန်းမကို အမိန့်ပေးခဲ့တယ်လို့ ငါကြားတယ်။ မင်းမှာ ဘာရည်ရွယ်ချက်ရှိနေတာလဲ၊ ငါ့ကိုပြောပါ၊ ငါကူညီနိုင်တာရှိရင် ကူညီမယ်"

ချူးယွန် အနည်းငယ်ပြုံးပြီး ပြောလိုက်ပါတယ်။
"ယောက္ခမ၊ ကျွန်တော်နဲ့လိုက်ခဲ့ပါ၊ အခု သတင်းကောင်းပြောစရာရှိလို့"

တန်းချုံကျန်းလည်း ရယ်မောလိုက်တယ်။
"ငါ့မြေး မွေးဖွားတဲ့ကိစ္စလို သတင်းကောင်းတစ်ခု နောက်ထပ်မကြားရတာ အတော်ကြာပြီပေါ့။ မင်းမှာ ပြောစရာ သတင်းကောင်းရှိသေးတာလား"

နှစ်ယောက်သား တော်ဝင်နန်းတော်ထဲကို ဝင်‌ရောက်သွားခဲ့ကြပါတယ်။ ချူးယွန်က ခဏငြိမ်သွားပြီးနောက် ပြောလိုက်တယ်။
"ယောက္ခမ၊ ကျူဝမ်ငါးဆယ်ကနေ ကပ်ဘေးခုနစ်ခုကို ရှာတွေ့ခဲ့တော့ ခင်ဗျား အတော်စိတ်လှုပ်ရှားခဲ့မယ်လို့ ထင်တယ်။ ဒါပေမဲ့ တကယ်တော့ ကပ်ဘေးခုနစ်ခု ဖြတ်ကျော်ခြင်းက အသွင်ကူးပြောင်းပြီး နောက်တစ်ဆင့်ကို ရောက်ရှိစေဖို့ မဟုတ်ဘူးလို့ မထင်ခဲ့ဘူးမဟုတ်လား။ နောက်ဆုံး ကပ်ဘေးသတ္တမအဆင့်ဟာ အဆုံးသတ်ဖြစ်ပြီး ရှေ့ဆက်စရာ မရှိတော့ဘူး"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now