အပိုင်း ( 1822 ) အိပ်မက်ဆန်တဲ့ မြင်ကွင်းတစ်ခု

125 14 0
                                    

အပိုင်း ( 1822 )

မိန်းကလေးသုံးယောက်စလုံးရဲ့ မျက်လုံးတွေက မယုံကြည်နိုင်မှုနဲ့ ရုတ်တရက် ကျုံ့သွားခဲ့ပါတယ်။

ဒီပုံရိပ်တွေက မှုန်ဝါးနေသေးတာကြောင့် သေချာမမြင်ရပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ မသိစိတ်အရ ဒီလူတွေထဲမှာ ချူးယွန်မပါမှန်း သိတယ်။

တန်းဇီရှမ်းရဲ့ စိတ်ထဲမှာ မိုးကြိုးမုန်တိုင်းကျသလို ခံစားလိုက်ရပါတယ်။

ငါ့ကိုကြောက်အောင် မလုပ်နဲ့။

ချူးယွန်၊ ဒီအချိန်က နင် သူရဲကောင်းဆန်ပြရမဲ့ အချိန်မဟုတ်ဘူး။

ကိုယ့်ကိုယ်ကို စတေးပြီး စကြဝဠာကြီးရဲ့ ဝါးမျိုခံရတာကို တားဆီးလိုက်ရိုးမှန်ရင် ငါ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။

"ငါနင့်ကို ထာဝရမုန်းတီးသွားအောင် မလုပ်ပါနဲ့"
တန်းဇီရှမ်းရဲ့ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး အာခေါင်တွေတောင် ခြောက်သွားခဲ့ပါတယ်။

မကြာမီ ပုံရိပ်တွေက တဖြည်းဖြည်း ရှင်းလင်းသွားပါပြီ။ ဒါက နင်ကျန်းလီ၊ ဇူးဖူစီနဲ့ ကပ်ဘေးပထမအဆင့်မှ ကျွမ်းကျင်သူတွေပါ။ သူတို့အားလုံးက ချူးယွန်ကို ကူညီပြီး လမ်းစရှာပေးခဲ့ကြသူတွေပါပဲ။

အခုတော့ ကမ္ဘာခြားက အမှန်တကယ် ချဲ့ထွင်မှု ရပ်သွားခဲ့ပါပြီ။

ဒါပေမဲ့ ချူးယွန် ဘယ်မှာလဲ။

တန်းဇီရှမ်းက အရှေ့ကို ပြေးသွာပြီးတော့ ကမန်းကတန်း မေးလိုက်တယ်။
"ချူးယွန်ကော... ချူးယွန် ဘယ်မှာလဲ"

နင်ကျန်းလီနဲ့ ဇူးဖူစီလည်း မတိုင်ပင်ဘဲ ပြိုင်တူပြုံးလိုက်ကြပါတယ်။ တန်းဇီရှမ်းရဲ့ စိုးရိမ်မှုကို သူတို့နားလည်နိုင်ပါတယ်။ ဒါပေမဲ့ တကယ်‌တမ်းမှာတော့ စိုးရိမ်စရာမလိုဘူး။

"အဲဒီကောင်စုတ် ချူးယွန်က တကယ်ကို ကံကောင်းတဲ့ကောင်ပဲ။ သူက ကမ္ဘာခြားတစ်ခုလုံးကိုတောင် ထိန်းချုပ်လိုက်မှာ ကြောက်ရတယ်"
နင်ကျန်းလီက လှောင်ပြောင်လိုက်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အပြုံးကတော့ ဘယ်တော့မှ ကွယ်ပျောက်မသွားခဲ့ပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now