အပိုင်း ( 1826 )အမျိုးသမီးတွေက ကမ္ဘာမှာ အတွေးနိုင်ဆုံးသူတွေ

122 12 0
                                    

အပိုင်း ( 1826 )

"ဟူး ဟူး ဟူး"
အဆုံးမဲ့စွမ်းအင်တွေက ချူးယွန်ရဲ့ ပါးစပ်နဲ့ နှာခေါင်းထဲကို အဆက်မပြတ် စီးဝင်လာခဲ့ပါတယ်။ သူက ရေဝဲကြီးတစ်ခုလို အဆုံးမဲ့စွမ်းအင်တွေကို အငမ်းမရ ဝါးမျိုနေခဲ့ပါပြီ။

စွမ်းအင်အရင်းအမြစ်ကျောက်ရဲ့ အင်အားက ကြီးမားပေမဲ့ ချူးယွန်ကိုယ်တိုင် အပြည့်အဝ သန့်စင်စရာမလိုပါဘူး။ သူ့ရဲ့ အသိစိတ်တစ်စိတ်တစ်ပိုင်းကို ပို့လွှတ်ပြီး တဖြည်းဖြည်း သန့်စင်နေစေရုံပါ။

ဒါက အလွန်ရှည်ကြာတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါလိမ့်မယ်။

နောက်ဆုံး‌မှာတော့ ချူးယွန်ရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုအောက်မှာ  စွမ်းအင်အရင်းအမြစ်ကျောက်ကို လုံး၀သိမ်းပိုက်ပြီးသွားပါတော့တယ်။

ဒီနေ့ကစပြီး ချူးယွန်က ဂြိုလ်နှစ်စင်းရဲ့ စွမ်းအင်အရင်းအမြစ်ကျောက်တွေကို ထိန်းချုပ်ထားတော့မှာပါ။ ကမ္ဘာခြားလိုပဲ တိုင်ဂန်စစ်ကမ္ဘာရဲ့ စည်းမျဉ်းတွေကို သူက လိုသလို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပါလိမ့်မယ်။

အရင် လူငယ်လေးတုန်းကတော့ ကန့်သတ်ချက်တွေကြောင့် စွမ်းအားကို အပြည့်အဝ မပြသနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ ချူးယွန်ကတော့ မတူတော့ပါ။

သူက ပြိုင်ဘက်ကိုသတ်ပြီး စွမ်းအင်အရင်းအမြစ်ကျောက်တစ်ခုလုံးကို ဝါးမျိုနိုင်ခဲ့ပါတယ်။

"ဒါက စွမ်းအင်ရင်းမြစ်ကျောက်ကို ဝါးမျိုရတဲ့ ခံစားချက်ပေါ့။ အရင်ကတော့ မေ့မြောနေလို့ သတိမထားမိခဲ့ဘူး။ ဒါက တကယ်ကိုကောင်းပြီး သက်တောင့်သက်သာရှိတယ်။ အခု တိုင်ဂန်စစ်ကမ္ဘာကြီးတစ်ခုလုံးက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝ ရှိနေပြီ။ ငါဆန္ဒရှိသလို စည်းကမ်းတွေကို ပြန်တည်ဆောက်နိုင်တယ်၊ ယဉ်ကျေးမှုကို အလွယ်တကူ ဖျက်ဆီးနိုင်ပြီး တခြားမျိုးနွယ်တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်"
ချူးယွန် ကျေနပ်စွာ ပြုံးလိုက်ပါတယ်။

အရင်က ခံစားခဲ့ရတာတွေက မှန်းဆချက်တွေဆိုရင် အခု ခံစားရတာက ကျေနပ်နှစ်သိမ့်မှုတစ်ခုပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now