အပိုင်း (1825) ဒီစွမ်းရည်သေးသေးလေးနဲ့ ငါ့အရှေ့မှာ ဟန့်ပြမနေနဲ့

120 14 0
                                    

အပိုင်း ( 1825 )

ချူးယွန်က လက်သီးသုံးချက် ဆင့်ထိုးလိုက်ပါတယ်။ လက်သီးချက်ကာမိုးကြိုးတွေကို တိုက်ရိုက်ထ်မှန်သွားခဲ့ပါပြီ။ ချက်ချင်းပဲ မိုးကြိုးတွေဟာ ဘယ်တုန်းကမှ မရှိခဲ့သလို ကွယ်ပျောက်သွားပါတော့တယ်။

ဒီအခိုက်မှာ ချူးယွန်ရဲ့ မျက်လုံးတွေက အေးစက်သွားပြီး မြေပြင်ကို ရိုက်ချလိုက်ပါတယ်။

"ကွဲအက်"
ချူးယွန်ရဲ့ ဟိန်းဟောက်သံနဲ့အတူ မီတာရာချီကျယ်ဝန်းတဲ့ တွင်းနက်ကြီးတစ်ခုအဖြစ် ပေါက်ကွဲသွားခဲ့ပါပြီ။

အဲဒီနောက်မှာတော့ ချူးယွန်ဟာ ဓားအလင်းနှစ်ခုနဲ့ မြေပြင်ကို စတင်တူးဆွလိုက်ပါတော့တယ်။

ဒါက ကမ္ဘာသစ်မဟုတ်တာကြောင့် မြေပြင်ကို တူးဖော်ရတာ မခက်ခဲပါဘူး။

မကြာခင်မှာပဲ ချူးယွန်ဟာ အတားအဆီးတစ်ခုနဲ့ ထိတွေ့မိသလို ခံစားလိုက်ရပါတယ်။

သူ့မျက်လုံးမှာ စိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာပြီး မြေပြင်ကို ချက်ချင်း ထိုးခွဲလိုက်ပါပြီ။

"ဝမ်"
မြေအောက်မှာ ငြိမ်သက်စွာရှိနေတဲ့ စွမ်းအင်အရင်းအမြစ်ကျောက်ကို သူ မြင်လိုက်ရပါတော့တယ်။

ဒါက တိုင်ဂန်စစ်ကမ္ဘာရဲ့ အမြုတေဖြစ်တဲ့ စွမ်းအင်အရင်းအမြစ်‌ကျောက်ပါ။

ချူးယွန် အသက်ပြင်းပြင်းရှူလိုက်ပါတယ်။ ဒါကိုမြင်ပြီးနောက် သူခန့်မှန်းတာမမှားကြောင်း သိသွားခဲ့ပါပြီ။ အခု လုပ်ရမှာက အဆုံးထိစစ်ဆေးပြီး နောက်ထပ် အချက်အလက်တွေကို စူးစမ်းဖို့ပါ။

"ဝမ်"
ချူးယွန်က စွမ်းအင်အရင်းအမြစ်ကျောက်ကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်လိုက်ပါတယ်။ ခဏချင်းပဲ ပြင်းထန်တဲ့ စွမ်းအင်လှိုင်းတွေ ပေါ်ထွက်လာခဲ့ပါပြီ။

တိုင်ဂန်စစ်ကမ္ဘာရဲ့ စွမ်းအင်အရင်းအမြစ်ကျောက်က ချူးယွန်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတဲ့ပုံပါ။

ချူးယွန်က အခြားကမ္ဘာရဲ့ စွမ်းအင်အရင်းအမြစ်ကျောက်ကို ဝါးမျိုထားခဲ့ပါတယ်။ ဒါကြောင့် သူက အခြားကမ္ဘာတစ်ခုလို ဖြစ်နေခဲ့ပါပြီ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now