အပိုင်း ( 1795 ) အမြင့်ဆုံး စစ်ဝိညာဉ်

125 15 0
                                    

အပိုင်း ( 1795 )

ကြယ်ကောင်းကင်မှာ...

ကျူဝမ်ငါးဆယ်ရှိတဲ့ ဘီလူးကြီးသုံးကောင်ရဲ့ ဦးဆောင်မှုနဲ့ ပြင်ပမိစ္ဆာတွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြပါတယ်။

လူသားမျိုးနွယ်ဘက်မှာတော့ ရှေးဟောင်းကျန်းမျိုးနွယ်က  ခုခံနေလို့ပါ။ ကျူဝမ်ငါးဆယ်ရှိတဲ့ ဘီလူးကြီးသုံးကောင်ရဲ့ တိုက်ခိုက်မှုအောက်မှာ ကျန်းချန်နဲ့ အခြားသူတွေ ဒဏ်ရာအပြင်းအထန်ရနေခဲ့ပါပြီ။ ဒါပေမဲ့လည်း နောက်မဆုတ်ဘဲ သူ ကြိုးစားခုခံနေဆဲပါ။

"ကျွတ်...ကျွတ်၊ ကျန်းချန်... အရှေ့ဘက်မှာ နှစ်သုံးဆယ် အနောက်ဘက်မှာ နှစ်သုံးဆယ်တဲ့။ ငါတို့ကို နောက်ကနေ လိုက်တိုက်တုန်းက ဒီနေ့ကို ပြန်ရောက်လာမယ်လို့ မင်း တွေးခဲ့ဘူးလား။ အခု မင်းတို့တွေ ငါတို့ရဲ့ အမဲလိုက်တာကို ခံနေရပြီ၊ ဟားဟားဟား"

တစ်ယောက်က လှောင်ပြောင်ရယ်မောလိုက်ပါတယ်။ သူက ပိုင်လီမျိုးနွယ်ရဲ့ ဘိုးဘေး ပိုင်လီချင်းလုံပါ။

ကျန်းချန်က မျက်မှောင်သာကြုတ်ပြီး ဘာမှပြန်မပြောပါဘူး။

အခုချိန်မှာ သူက ဒဏ်ရာအပြင်းအထန်နေခဲ့ပါပြီ။ တိုက်ခိုက်မှုတိုင်းကို သတိထားပြီး ခုခံနေရတော့တာပါ။

သူ့ရဲ့ခန္ဓာက နောက်ထပ် တိုက်ခိုက်မှု လှိုင်းလုံးကြီးတွေကို ခံနိုင်ရည် ရှိမရှိဆိုတာတောင် မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ပါပြီ။

"ဟာသတွေ ပြောနေတာလား၊ မင်းတို့ ပြင်ပမိစ္ဆာတွေက ဘာများ ကောင်းလာလို့လဲ။ အရင်တုန်းက မင်းတို့က အရမ်းမောက်မာတယ်၊ အမြီးတွေတောင် မိုးထိုးတော့မလိုပဲ။ အဲဒီအချိန်က နတ်ဆိုးနဲ့ တစ္ဆေမျိုးနွယ်ဟာ မင်းတို့ရဲ့ လက်အောက်ငယ်သားတွေပဲ မဟုတ်လား။ အခုဘယ်လိုလဲ... ကိုယ့်ရဲ့ ငယ်သားဆီမှာ ကိုယ်ပြန်ပြီး ဦးညွတ်ရတာ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ"
အခြားတစ်ယောက်က ဒေါသတကြီး ဝင်အော်လိုက်ပါတယ်။

ပိုင်လီချင်းလုံရဲ့ အမူအရာက အေးစက်သွားပါပြီ။
"အခြေအနေကို သိတတ်တာက ပညာရှိပဲကွ။ မင်းတို့ အခြေအနေ‌ကို မသိတဲ့ကောင်တွေသာ ဒီနေ့သေကြရမှာ သေချာတယ်"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now