အပိုင်း ( 1812 ) သီချင်းတစ်ပုဒ်နဲ့ အရက်တစ်အိုး

119 14 0
                                    

အပိုင်း ( 1812 )

"ဝုန်း ဝုန်း ဝုန်း"
သူတို့နှစ်ယောက်က အရှိန်ပြင်းပြင်းနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ပါတယ်။

သူတို့အနီးနားမှာတော့ ဥက္ကာခဲတွေ ပေါက်ကွဲရာမှ အမှုန်အမွှားတွေ ပြည့်နေပါတော့တယ်။

"အချိန်ကိုကျော်လွန်ခြင်း"
ချူးယွန်က ဟိန်းဟောက်လိုက်ပါတယ်။

"နောက်တစ်ခါ ထပ်လုပ်ပြန်ပြီလား"
တိထျန်းက အံကိုတင်းတင်းကြိတ်လိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် နှစ်ခါတောင် သူ ခံထားရပြီးပြီမို့ သဘာဝအတိုင်း သတိမထားဘဲ မနေနိုင်ပါဘူး။

ဒါပေမဲ့လည်း ဒီတိုက်ခိုက်မှုက ထူးကဲလွန်းနေဆဲပါ။ တိထျန်းရဲ့ နားလည်မှုကိုတောင် ဒါကိုဖြေရှင်းဖို့ နည်းလမ်းကို မစဉ်းစားနိုင်ခဲ့ပါဘူး။

ချူးယွန်က အဆုံးမဲ့ အရှိန်အဝါနဲ့ တောက်ပတဲ့ ဓားအလင်းတစ်ခုအသွင် ပြောင်းသွားခဲ့ပါတယ်။ ဓားအလင်းက တိထျန်းရဲ့ မျက်ခုံးနှစ်ခုကြားကို ချိန်ရွယ်ကာ တိုးဝင်သွားခဲ့ပါပြီ။

ဟင်းလင်းပြင်က တွန့်ခေါက်သွားပြီး အချိန်စီးဆင်းမှုက မြန်ဆန်လာပါတော့တယ်။

နောက်ပြီးတော့ သူတို့ကြားမှာ အကွာအဝေးက သိပ်မရှိတာကြောင့် တိထျန်းမှာ ရှောင်တိမ်းဖို့အတွက် အချိန်မရှိတော့ပါ။

"ငါ့ကို သတ်ချင်ရင် ဒီလောက်မလွယ်ဘူးကွ"
တိထျန်းက ဟိန်းဟောက်ပြီး အလိုအလျောက် တုံ့ပြန်မှုနဲ့ ဘေးကို ရုန်းထွက်လိုက်ပါတယ်။ ဒီအခါမှာတော့ ဓားချက်က တိထျန်းရဲ့ ပခုံးတစ်ဖက်ကိုသာ နက်နက်နဲနဲ ခုတ်ချလိုက်ပါတော့တယ်။

သွေးတွေ ဖြာခနဲဖြစ်သွားသလို တိထျန်းလည်း ခေါင်းထဲ မိုက်ခနဲဖြစ်သွားခဲ့ပါပြီ။

ဒီတိုက်ခိုက်မှုက သူ့ရဲ့ဦးခေါင်းကိုဖြတ်ဖို့ နည်းနည်းပဲလိုတယ်။

တိထျန်းအတွက်တောင် ဦးခေါင်းကို ထိခိုက်တာက အန္တရာယ်များလွန်းတယ်။ ဒီလို ဒဏ်ရာမျိုးကတော့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကို ကျဆင်းသွားစေရင်တောင် ကြီးမားတဲ့ သက်ရောက်မှုမျိုး မဖြစ်စေနိုင်ပါဘူး။

ဓားအလင်းကနေ မူလအသွင် ပြန်ပြောင်းသွားတာနဲ့ ချူးယွန်က လက်သီးနဲ့ နှစ်ချက်ဆင့်ထိုးလိုက်ပါတယ်။ တိထျန်းလည်း ချောင်းဆိုးပြီး သွေးတစ်ပွက်အန်ကာ အနောက်ကို ဒယီးဒယိုင် ဆုတ်သွားရပါတော့တယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now