အပိုင်း ( 1817 ) အားလုံးပဲ....မကောင်းတော့ဘူး

124 14 0
                                    

အပိုင်း ( 1817 )

"ဒါက ဘယ်လိုဖြစ်ရတာလဲ"
တန်းဇီရှမ်းရဲ့ မျက်ဝန်းကနေ မျက်ရည်တွေ စီးကျလာခဲ့ပါတယ်။ သူ အလွန် ဝမ်းနည်းနေခဲ့ပါပြီ။ အကြောင်းကတော့ တန်းချုံကျန်းရဲ့ လက်ကို ကိုင်လိုက်ချိန်မှာပြ အလွန်အားနည်းသွားတဲ့ အသက်ဓာတ်ကို ခံစားလိုက်ရလို့်ပါ။

သူက အဆုံးမဲ့ကြယ်ကောင်းကင်ရဲ့ နံပါတ်တစ်ဘီလူးကြီးပဲလေ။ သူက ဘာဖြစ်လို့ ဒီလောက်အားနည်းသွားတာလဲ။

တန်းဇီရှမ်းရဲ့ နှလုံးသားက လုံးဝတုန်လှုပ်သွားပါတယ်။

ဒါကိုမြင်တော့ ချူးယွန်လည်း စိတ်မကောင်းသလို ခံစားလိုက်ရပါတယ်။

ဒီအတွက်တော့ အားနည်းနေတဲ့ ကိုယ့်ကိုယ်ပဲ အပြစ်တင်ရမယ်။ မဟုတ်ရင် တန်းချုံကျန်းအတွက် သူ့အသက်ဓာတ်ကို စတေးဖို့လိုပါ့မလား။

အခုတော့ တစ်ခုတည်းသောနည်းလမ်းက သူ့ရဲ့နယ်ပယ်ကို အမြန်ဆုံးမြှင့်နင်ပြီး တန်းချုံကျန်းကို အဆင့်တက်နိုင်အောင် ကူညီပေးဖို့ပါ။

"ပေးဆပ်မှုမရှိဘဲ အောင်မြင်မှုရဖို့ဆိုတာ မလွယ်ပါဘူးကွယ်။ အခု ငါ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက ထိုက်တန်ပါတယ်။ တိုက်ပွဲမှာ ကျရှုံးပြီး ငါတို့နှစ်ယောက်လုံးကို မရှိတော့ဘူးဆိုရင် တိထျန်းက ကြယ်လေးပွင့်ကောင်းကင်ကို ပြောင်းပြန်လှန်ပစ်လိုက်တော့မှာ"
တန်းချုံကျန်းက ပြုံးပြလိုက်ပါတယ်။

တန်းဇီရှမ်းလည်း လက်နှစ်ဖက်က တဆတ်ဆတ်တုန်နေကာ ဘာမှ မပြောနိုင်တော့ပါ။

တန်းဟွာရန်လည်း အံကိုကြိတ်ထားရင်း တန်းချုံကျန်းရဲ့လက်ကို ဆုပ်ကိုင်လိုက်ပါတယ်။ သူ့အဖေရဲ့ အားနည်းမှုကို ခံစားရင်း ကိုယ့်ကိုယ်ကိုယ်တောင် မုန်းသွားမိပါပြီ။ သူက အားနည်းလွန်းလို့ အဖေ့ပခုံးပေါ်က ဖိအားတွေကို ကူပြီးမထမ်းနိုင်ဘူး။

"ဘာဖြစ်လို့ ငိုနေကြတာလဲ။ အခု တိထျန်းသေပြီ၊ နတ်ဆိုးမျိုးနွယ်လည်း ပျက်စီးတော့မှာ။ ကြယ်လေးပွင့်ကောင်းကင်ကြီး လုံးဝ တည်ငြိမ်သွားတော့မှာပါ။ ဒါက မကောင်းဘူးလား"
တန်းချုံကျန်းက ချောင်းဆိုးရင်း သူ့လက်ကို ဝှေ့ယမ်းလိုက်ပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now