အပိုင်း ( 1792 )အံ့ဖွယ်ရလဒ်

109 10 0
                                    

အပိုင်း ( 1792 )

"သခင်၊ ငါတကယ် နားမလည်ဘူး။ မင်းမှာ တန်းချုံကျန်းကိုတောင် သတ်နိုင်စွမ်း ရှိပါလျက်နဲ့ တန်းလီနဲ့ ကောင်စုတ်လေး ချူးယွန်တို့ကို ဘာဖြစ်လို့ လွှတ်ပေးလိုက်တယ်။ ကျူပင်ခုတ် ကျုငုတ်ပါမကျန်အောင် ကိစ္စတုံးတာက ပိုမကောင်းဘူးလား"

မဟာနတ်ဆိုးချပ်ပြားမှာ မန်ချင်းရန်က လျှောက်လာပြီးတော့ မကျေမနပ်နဲ့ ပြောလိုက်ပါတယ်။
"ငါ့အမြင်ပြောရရင် ချူးယွန်ကို ဖြစ်နိုင်သမျှ မြန်မြန်သတ်သင့်တယ်။ ဒီကောင်စုတ်လေးရဲ့ တိုးတက်မှုက အံ့မခန်းပဲ၊ သူသာ ဘီလူးကြီးဖြစ်လာရင် အနာဂတ်မှာ နတ်ဆိုးမျိုးနွယ်အတွက် ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်"

မန်ချင်းရန်ရဲ့ စကားကိုကြားတော့ လူငယ်က ထီမိင်ဟန်နဲ့ ပြုံးပြီး အထင်‌မြင်သေးစွာ ပြောလိုက်ပါတယ်။
"ချူးယွန်က တော်ပြီး အဆုံးမဲ့ ကြယ်ကောင်းကင်ရဲ့ နံပါတ်တစ်ပါရမီရှင်ဆိုရင်တောင် ဘာဖြစ်လဲ။ ပုရွက်ဆိတ်တစ်ကောင်က ကြီးထွားလာရင်တောင် ဘယ်လောက်ထိ အရပ်ရှည်နိုင်မှာမို့လဲ"

‌"နောက်ပြီးတော့ တန်းချုံကျန်းကို ငါ ဘာဖြစ်လို့မသတ်တာလဲ မင်းသိလား။ ဘာကြောင့်ဘဲဆိုတော့ ဒီစကြာဝဠာတစ်ခုလုံးမှာ ငါနဲ့ စကားပြောနိုင်တာက သူတစ်ယောက်တည်း ရှိလို့ပဲ။ သူက ငါ့ရဲ့ရန်သူဆိုရင်တောင် ငါ သူ့ကို စောစောသတ်မှာ မဟုတ်ဘူး"

မန်ချင်းရန်က တံတွေးတစ်လုပ်ကို မြိုချပြီးတော့  စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။
"ဒါနဲ့ သခင်၊ ငါ့ရဲ့ အရည်အချင်းနဲ့ ကပ်ဘေးအဖြတ်ခုနစ်ခုကို ငါနားလည်နိုင်မယ်လို့ မင်းထင်လား"

ဒီအကြောင်းကို ပြောချိန်မှာ သူက အလွန်ယဉ်ကျေးပြီး နှိမ့်ချခဲ့ပါတယ်။

"မင်းရဲ့ အရည်အချင်းက ဒီလောက်လည်း မဟုတ်ပါဘူး။ ဒါကို နားလည်မယ်၊ နားမလည်ဘူးက မင်းရဲ့ ကံအပေါ်မှာပဲ မူတည်တယ်။ မင်းရဲ့ပါရမီက မလုံလောက်ရင် ငါကိုယ်တိုင် ဒုက္ခသုက္ခခံပြီး သင်ပေးရင်တောင် မင်း နားလည်မှာ မဟုတ်ဘူး"
လူငယ်က အေးစက်စက်နဲ့ ပြောဆိုကာ လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ထွက်သွားပါတော့တယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now