အပိုင်း ( 1832 )မျက်စိတစ်မှိတ်အတွင်းမှာပဲ မင်း ဒီလောက်ကြီးပြင်းလာပြီလား

114 14 0
                                    

အပိုင်း ( 1832 )

ဟုတ်တယ်၊ ကွာခြားမှုရှိသေးရဲ့လား။

ငါနဲ့ ဒီမျိုးနွယ်တွေကြားမှာ ကွာခြားမှု မရှိဘူး။

သူဟာ ကျူချွင်ကို အရမ်းရယ်စရာကောင်းတယ်လို့ အမြဲခံစားရခဲ့ရပါတယ်။ သူ့ရဲ့ အသိဥာဏ်က ရေတွင်းအောက်ခြေက ဖားတစ်ကောင်လိုပဲလို့ အမြဲခံစားခဲ့ရတာပါ။

ဒီလိုဆိုရင် အခြားသူရဲ့အမြင်မှာလည်း သူက ရယ်စရာဖြစ်‌မနေဘူးလား။

ကောင်းကင်ကိုတောင် မမြင်ဖူးပဲနဲ့ ကောင်းကင်အကြောင်း ဘယ်လိုပြောဆိုဝံ့တာလဲ။

ချူးယွန်လည်း ရုတ်တရက် သဘောပေါက်သွားတဲ့ ဒီနားလည်မှုမှာ အ‌ချိန်အတော်ကြာ နစ်မြုပ်သွားခဲ့ပါတယ်။

သူ့ရဲ့ နားလည်မှုက အမှန်ဖြစ်ကြောင်း သက်သေပြစရာ မရှိပေမဲ့ ချူးယွန်ရဲ့ တွက်ချက်မှုအရ ကိုးဆယ်ရာခိုင်နှုန်း သေချာပါတယ်။

ဒါကြောင့်ပဲ ချူးယွန် အတော်လေး တုန်လှုပ်သွားတာပါ။

ဒီဘဝမှာ ကြိုးစားသမျှက အခြားသူအတွက် အထောက်အပံ့ဖြစ်စေဖို့ပဲလား။

ဒါဆိုရင် သူလေ့ကျင့်နေတာတွေက အသုံးမဝင်တော့ဘူးလား။

အားလုံးက ဘဝတစ်သက်တာလုံး ကြိုးကြိုးစားစား လုပ်ကြရင်တောင် သူတို့သတ်မှတ်ထားတဲ့ အတားအဆီးတွေကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။

ဒါကို ဘယ်လိုဖြေရှင်းရမှာလဲ။

ချူးယွန် မျက်လုံးကိုမှိတ်ပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပါတယ်။

ငါ့ရဲ့ လက်ရှိအခြေအနေက ကျူချွင်နဲ့ ဘယ်လောက်ပဲ ဆင်တူနေပါစေ၊ ငါနဲ့ သူကြားမှာ ခြားနားချက်တစ်ခု ရှိတယ်။ ဒါ‌ကတော့ ငါဟာ ငါဘယ်အခြေအနေကို ရောက်နေပြီမှန်း သိပြီး အနာဂတ်အတွက် ပိုပြီးကြိုးစားရမယ်ဆိုတလည်း သိတယ်။ ဒါပေမဲ့ ကျူချွင်ကတော့ မသိဘူး။

ဒါက ငါ့ရဲ့ အားသာချက်ပဲ။

ဒါကြောင့် ဒီအားသာချက်ကို ဆုပ်ကိုင်နိုင်မလားဆိုတာက အခုအချိန်မှာ အရေးကြီးဆုံးပါပဲ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now