အပိုင်း( 1846 )နှစ်ပေါင်းသောင်းချီသမိုင်းမှတ်တမ်းကို စံချိန်ချိုးခြင်း

111 9 0
                                    

အပိုင်း ( 1846 )

"ဂျိန်း "
ကောင်းကင်မိုးကြိုးက နောက်ဆုံးအနေနဲ့ အင်အားအပြည့်အဝသုံးကာ မျောလွင့်တိမ်တိုက် ကြယ်ကောင်းကင်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပါတယ်။

ကမ္ဘာတစ်ခုလုံးက အလယ်ကနေပေါက်ထွက်သွားပြီး တွင်းနက်ကြီးတစ်ခုအသွင်‌ ပြောင်းလဲသွားခဲ့ပါပြီ။

ချူးယွန်ရဲ့ မျက်လုံးတွေကလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့ပါတယ်။  သူဟိန်းဟောက်လိုက်ပါပြီ။ ဒါက နောက်ဆုံးတိုက်ခိုက်မှုမှန်း သူသိပါတယ်။ ဒီမိုးကြိုးကို ဖျက်စီးနိုင်သရွေ့ သူတို့တွေ ဖြတ်ကျော်သွားနိုင်တော့မှာပါ။

ချူးယွန် ဒေါသတကြီး ဟိန်းဟောက်ပြီး ဓားတစ်လက်လို ကောင်းကင်ကို ထိုးတက်သွားခဲ့ပါတယ်။

ဒီအခိုက်မှာ ဟင်းလင်းပြင်လည်း ဟတ်တက်ကွဲသွားခဲ့ပါပြီ။

"ဂျုန်း"
ဒါက ကောင်းကင်မိုးကြိုးနဲ့ နောက်ဆုံး ထစ်ချုန်းလိုက်သံပါ။ အဲဒီနောက်မှာတော့ မိုးကြိုးတွေဟာ တဖြည်းဖြည်းနဲ့ ကွဲပျောက်သွားပါတော့တယ်။

"ကောင်းကင်ကပ်ဘေးဒုက္ခကို ငါကျော်ဖြတ်နိုင်ခဲ့ပြီ"
ချူးယွန်လည်း အခုမှ ပင်ပန်းမှုကို ခံစားလာခဲ့ရပါတယ်။ ဒီအခိုက်မှာ သူ့အတွက် လက်တစ်ချောင်းကိုတောင် ရွှေ့ဖို့ မဖြစ်နိုင်တော့ပါဘူး။

ဒီအခြေအနေကို ရောက်လာနိုင်ဖို့က တကယ်ကို ခက်ခဲခဲ့ပါတယ်။

ကပ်ဘေးခုနစ်ခု။

အဆင့်တစ်ခုစီက လုံးဝ သာလွန်တဲ့အဆင့်ပါ။

နောက်ဆုံး နိယာမတွေကို နားလည်ပြီးချိန်မှာတော့ ကပ်‌ဘေးဒုက္ခကို ဖြတ်ကျော်ပြီး အင်မော်တယ်ကမ္ဘာကို သဘာဝအတိုင်း တက်လှမ်းနိုင်ခဲ့ပါပြီ။

မျှော်လင့်တဲ့အတိုင်း မိုးကြိုးတွေ ရပ်တန့်သွားတဲ့အခါ အဖြူရောင်အလင်းတွေ ကျဆင်းလာခဲ့ပါတယ်။ ဒီအဖြူရောင်အလင်းက သူတို့အားလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ။

တစ်ဖက်မှာလည်း မျောလွင့်တိမ်တိုက်ကြယ်ကောင်းကင်က အခုအခါ လုံးဝ ပြိုကွဲသွားပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now