အပိုင်း ( 1849 )လေ့ကျင့်တာကို အရှိန်မြှင့်ပါ

89 6 1
                                    

အပိုင်း ( 1849 )

ကျူဟုန်ရှန်းရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားပါတယ်။ ဒီမျောက်က အမှန်တကယ်ထက်မြက်ပြီး သူ့ကို အဓိကထားပြီး တိုက်ခိုက်ရမယ်မှန်း သိတယ်။

"စွမ်းအားတွေ ဆက်ပြီး စုစည်းထားကြ"
ကျူဟုန်ရှန်းက အမိန့်ပေးပြီးတော့ ရှေ့ကိုပြေးသွားခဲ့ပါတယ်။

သူ့ရဲ့အင်အားက ချန်ကျူလောက် မသန်မာပေမဲ့လည်း ရဲစွမ်းသတ္တိ‌ကတော့ မနိမ့်ကျပါဘူး။ မဟုတ်ရင် အခြားကြေးစားတွေရဲ့ ယုံကြည်လက်ခံမှုကို ရရှိထားမှာ မဟုတ်ဘူး။

ကြေးစားအဖွဲ့တစ်ခုမှာ ခေါင်းဆောင်ဖြစ်ချင်ရင် လုံလောက်တဲ့အရည်အချင်းမျိုးကို ပိုင်ဆိုင်ထားမှပါ။

မင်းက သန်မာတယ်ဆိုရင် လူတိုင်းက မင်းကိုချီးကျူးကြလိမ့်မယ်။ မင်းက မသန်မာဘူးဆိုရင်တော့ မင်းရဲ့အဆင့်အတန်းက ဘယ်လောက်ပဲ မြင့်မြတ်နေပါစေ လှည့်ကြည့်ကြမှာ မဟုတ်ဘူး။

နောက်ဆုံးမှာတော့ သူတို့က အသက်နဲ့ရင်းပြီး လှုပ်ရှားနေကြရတဲ့ ကြေးစားဘဝတွေပါ။

ကျူဟုန်ရှန်းရဲ့လက်ဝါးက မီးတောက်တွေ ထွက်ပေါ်လာပြီး ဒေါသထွက်နေတဲ့ သွေးမျက်လုံးမျောက်ကို ရိုက်ချလိုက်ပါတယ်။

"ဒီအင်အားမျိုးနဲ့ ငါ့ရှေ့မှာ ပြသချင်တာလား"
သွေးမျက်လုံးမျောက် ငေါက်ငမ်းလိုက်ပါပြီ။ သူက လက်ဝါးနဲ့ ပြန်လည်ရိုက်ချလိုက်ပါတော့တယ်။

ကျူဟုန်ရှန်းက အားမနည်းပေမဲ့ မျောက်ကြီးအတွက်တော့ ဒီလောက်မဟုတ်ပါဘူး။

ကျူဟုန်ရှန်း မြေပေါ်ကို ပစ်လဲသွားပါတယ်။ ဒါပေမဲ့ ချက်ချင်းပြန်ထလာပြီး အော်ဟစ်လိုက်ပါပြီ။
"စွမ်းအင်ပို့လွှတ်ကြ"

ကြေးစားတွေလည်း စွမ်းအင်စုစည်းကာ အင်မော်တယ်စွမ်းအင်အလင်းအဖြစ် ထပ်မံ ပစ်လွှတ်လိုက်ပါတယ်။ အလင်းတန်းက လေထုကို ထိုးဖောက်ကု ထွက်ပေါ်လာခဲ့ပါတယ်။

သွေးမျက်လုံးမျောက်လည်း ဒေါသတကြီးဟိန်းဟောက်ကာ မျက်လုံးထဲမှ သွေးအလင်းနှစ်ခု ပစ်လွှတ်လိုက်ပါပြီ။
 
"ဝုန်း"
အလင်းတန်းနှစ်ခု တိုက်မိပြီးနောက် ဘယ်တုန်းကမှ မရှိခဲ့သလို ပျောက်ကွယ်သွားပါတော့တယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now