အပိုင်း(1810)ချူးယွန်အသက်ရှင်နေသရွေ့အဆုံးမဲ့ကြယ်ကောင်းကင်ကအနိုင်ရဖို့‌သေချာတယ်

127 11 0
                                    

အပိုင်း ( 1810 )

တန်းချုံကျန်းရဲ့ နဖူးက ချွေးစေးတွေ စီးကျလာခဲ့ပါတယ်။ သေခြင်းမှ လက်မတင် လွတ်မြောက်လာပြီးနောက် ဆေးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပါပြီ။ တချိန်တည်းမှာပဲ သူ့ကိုယ်သူကုသဖို့ စွမ်းအင်ကို လှည့်ပတ်လိုက်ပါတော့တယ်။

သူ့ရဲ့ အဆင့်နဲ့ အပေါ်ယံ ဒီဒဏ်ရာတွေကို ကုသဖို့က ခက်တော့မခက်ခဲပါ။

ဆေးစွမ်းအင်တွေ ပျောက်ကွယ်သွားကာ အသက်ဆယ်ရှိုက်စာ ကြာမြင့်ပြီးနောက် တန်းချုံကျန်းက မြင်းတစ်ကောင်လို ပြန်လည် အင်အားပြည့်ဝလာပါတော့တယ်။

သူ့ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်တဲ့အခါ မပြောင်းလဲသေးတဲ့ အင်အားတွေကို ခံစားလိုက်ရပါတယ်။ သူ့လက်ထဲမှာ နဂါးလှံက ပြန်ပေါ်လာပြီး တိထျန်းကို အေးစက်စက်နဲ့ကြည့်လိုက်ပါပြီ။

တိထျန်းကို သာမန်နည်းလမ်းတွေနဲ့ ထိခိုက်စေဖို့က လုံးဝ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ဒီတစ်ခါတော့ တန်းချုံကျန်းဟာ ထူးခြားတဲ့ တိုက်ခိုက်မှုတစ်ခု ထုတ်ဖော်ရမယ်လို့ တွေးလိုက်ပါတယ်။

ဒီနည်းနဲ့ပဲ တိထျန်းကို အခက်တွေ့စေနိုင်မှာပါ။

အခြားနည်းလမ်းလည်း မရှိပါဘူး။ တိထျန်းရဲ့ နယ်ပယ်က သူတို့ထက် အပြည့်အဝ သာလွန်တာကြောင့် တွန်းလှန်ဖို့ဆိုတာ ခက်ခဲခဲ့ပါတယ်။

"ဝုန်း"
တိထျန်းက ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပါတယ်။ ချူးယွန် အနောက်ကို တစ်လှမ်းချင်း ဆုတ်သွားခဲ့ရပါပြီ။ သူ့လက်ဝါး အရိုးအဆစ်တွေက ပေါက်ကွဲတော့မလို ခံစားရကာ တစ်ဂျွတ်ဂျွတ်မြည်သံတွေလည်း ထွက်ပေါ်လာပါတော့တယ်။

တိထျန်းက စွမ်းအားလှိုင်းနဲ့ ချူးယွန်ကို ဖိနှိပ်ပြီး အတင်းအကြပ် ချိုးဖြတ်ဖို ကြိုးစားလာခဲ့တာပါ။

နှစ်ဖက် ထိပ်တိုက်ရင်ဆိုင်မိတဲ့အခါ ချူးယွန်ရဲ့နယ်ပယ်က နိမ့်ကျတာကြောင့် သဘာဝအတိုင်း ရင်ဆိုင်ဖို့ အလွန်ခက်ခဲသွားပါတယ်။

ချူးယွန်လည်း မျက်မှောင်ကြုတ်ရင်း အခြေအနေကို ပြောင်းလဲနိုင်ဖို့ နည်းလမ်းကို အလျင်အမြန် တွေးတောလိုက်ပါပြီ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now