အပိုင်း ( 1824 )မင်းငါ့ကို ကြောက်နေတာပဲ

117 13 0
                                    

အပိုင်း ( 1824 )

ချူးယွန်က သိုင်းလမ်းစဉ်ကို သူတို့ရဲ့ ဦးနှောက်ထဲ တစ်ခါတည်း ထည့်မပေးခဲ့ပါဘူး။ ဖွံ့ဖြိုးပြီးလူတစ်ယောက်ရဲ့ ဦးနှောက်ထဲကို မှတ်ဉာဏ်သစ်တွေ ရုတ်တရက်ထည့်ရင် လက်ခံနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။

ဒါကြောင့် ချူးယွန်က တိုက်ကြီးတစ်လျှောက် ဖြန့်ကျဲထားပြီး ကိုယ့်ဘာသာပဲ ရှာဖွေတွေ့ရှိစေခဲ့တာပါ။

ဒီအဆင့်ကိုရောက်ရင် အများကြီးလုပ်စရာ မလိုပါဘူး။

သူတို့မှာ ခေါင်းဆောင်တစ်ဦးရှိနေသရွေ့ သိုင်းလမ်းစဉ်ကို သဘာဝအတိုင်း ရှာဖွေတွေ့ရှိပါလိမ့်မယ်။

အဲဒီနောက်မှာတော့ ကျင့်ကြံခြင်းလမ်းစဉ်က လျင်မ့န်စွာ ပျံနှံ့သွားတော့မှာပါ။

"သူတို့ မျိုးနွယ်စုရဲ့ ပတ်ပတ်လည်မှာ သာမန်သားရဲတိရစ္ဆာန်တွေပဲရှိတော့ အန္တရာယ် လုံးဝမရှိဘူး။ သူတို့ကို မြန်မြန်ဆန်ဆန် တိုးတက်စေချင်ရင် ပတ်ဝန်းကျင်ကို ပိုပြီးကြမ်းတမ်းအောင်လုပ်သင့်တယ်"
တန်းဇီရှမ်းက အားလုံးကို စောင့်ကြည့်ရင်း ပြောလိုက်ပါတယ်။

"ငါလည်း ထင်တယ်"
ချူးယွန်ရဲ့ မျက်လုံးက အရောင်လက်လာခဲ့ပါတယ်။ ရှန်ကျိုးတိုက်ကြီးရဲ့ အဆင့်အတန်းက မြင့်မားလာတာနဲ့အမျှ သူ့အတွက်လည်း အထောက်အပံ့ရလာခဲ့မှာပါ။

အဲဒီနောက် ချူးယွန်ရဲ့ အတွေးတစ်ခုနဲ့ တိုက်ကြီးရဲ့ အရှေ့၊ အနောက်၊ တောင်‌၊ မြောက်မှာ တားမြစ်နယ်မြေတွေ ပေါ်လာခဲ့ပါတယ်။

ရှေးဟောင်းအပျက်အယွင်းတွေလည်း အများအပြား ပေါ်လာခဲ့ပါပြီ။

လူသားမျိုးနွယ်စုတွေအနီးမှာ တောင်တန်းကြီးတွေ၊ ကန္တာရတွေနဲ့ အန္တရာယ်နယ်မြေ အများအပြားရှိပါတယ်။ လုံလောက်အောင် အားမကောင်းဘူးဆိုရင် သူတို့အတွက် စိတ်ရှိတိုင်း သွားလာလို့ မရတော့ပါဘူး။

အနီးနားက တောင်တွေမှာလည်း ချူးယွန်က အားကောင်းတဲ့ နတ်ဆိုးသားရဲတွေကို ဖန်တီးခဲ့ပါတယ်။

ဒီလိုလုပ်ရတာက တိုက်ကြီးရဲ့ တိုးတက်မှုကို ပိုပြီး မြန်ဆန်စေဖို့ပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now