အပိုင်း ( 1804 )ကပ်ဘေးပထမအဖြတ်လား၊ စိတ်ဝင်စားစရာပဲ

121 12 0
                                    

အပိုင်း ( 1804 )

ကျွမ်းကျင်သူ ဘီလူးကြီးအားလုံး အလွန် စိတ်လှုပ်ရှားသွားကြပါတယ်။

အရင်ကတော့ သူတို့ဟာ လောကရဲ့ အထွတ်အထိပ်ကို ရောက်နေခဲ့ပြီ ထင်တာကြောင့် ကျင့်ကြံခြင်းအပေါ် စိတ်အားထက်သန်မှု သိပ်ပြီး မရှိခဲ့ပါဘူး။ ဒါပေမဲ့၊ သူတို့အထက်မှာ နယ်ပယ်တွေ ရှိနေသေးကြောင်း ရုတ်တရက် သိခဲ့ရပါတယ်။

ကပ်ဘေးဖြတ်ကျော်ခြင်းခုနစ်ခုကမှ စစ်မှန်တဲ့ အထွတ်အထိပ်ပါ။

ဒီအခိုက်မှာ သူတို့ရဲ့ သွေးတွေ တစ်ဖန်ဆူပွက်လာခဲ့ရပါတယ်။ အားလုံးရဲ့ မျက်လုံးတွေက တိုက်ခိုက်ချင်စိတ်တို့နဲ့ လင်းလက်လာခဲ့ကြပါပြီ။

အချိန်အတော်ကြာ ရည်ရွယ်ချက်မဲ့နေပြီးမှ ပြန်ရှာတွေ့တဲ့ ခံစားချက်က တကယ်ကို အံ့သြစရာကောင်းပါတယ်။

ကပ်ဘေးဖြတ်ကျော်ခြင်း ခုနစ်ခုကို ထပ်မံရောက်နိုင်တယ်။

အစွမ်းထက်တဲ့ ရန်သူကြီးလည်း ရှိနေတယ်။

ဒါကြောင့် သူတို့အားလုံး ရှင်ပြန်ထမြောက်လာပုံရကာ ပိုမြင့်မားတဲ့နယ်ပယ်ကို ချိုးဖြတ်လိုစိတ်တွေ ပြင်းပြလာခဲ့ပါတော့တယ်။

............

မျက်စိတစ်မှိတ်အတွင်း တစ်နှစ်ကြာသွားခဲ့ပါတယ်။

ဘီလူးကြီးအားလုံး ပထမအဖြတ်ကို အောင်မြင်သွားခဲ့ကြပါပြီ။

ဒီအတောအတွင်းမှာ ယောက်ကျူးက တစ်ခါမှ ပေါ်မလာခဲ့ပါဘူး။

ဒါပေမဲ့ ဘယ်သူမှ လျှော့မတွက်ဝံ့ပါ။

တန်းချုံကျန်းတောင်မှ သူ့ထက် ခြေတစ်လှမ်း နောက်ကျနေခဲ့ရပါတယ်။

ဒါပေမဲ့ တန်းချုံကျန်းရဲ့စိတ်က တည်ငြိမ်နေခဲ့ပြီးသားပါ။

သူလုပ်ရမှာက နတ်ဆိုးမျိုးနွယ်ကို ဂရုတစိုက် ကိုင်တွယ်ထားဖို့ပါပဲ။

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီးနောက် နတ်ဆိုးချပ်ပြားဟာ အင်အားပိုပြီးကြီးမားလာခဲ့ပါတယ်။ သူတို့က အင်အားစုဆောင်းပြီးတာနဲ့ လူသားမျိုးနွယ်ရဲ့ ကြယ်စက်ဝိုင်းတွေဆီကို စတင် တိုက်ခိုက်လာခဲ့ကြပါပြီ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now