အပိုင်း ( 1783 ) ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲ

121 15 0
                                    

အပိုင်း ( 1783 ) ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲ။

"ဒီနေ့ကစပြီး ငါပြန်လာမယ်၊ ငါတို့ရဲ့ နတ်ဆိုးမျိုးနွယ်ဟာ တစ်ဖန်ပြန်ထလာတော့မှာ။ ဟောဒီ နတ်ဆိုးချပ်ပြား ကြယ်စက်ဝိုင်း‌ကနေ အဆုံးမဲ့ကြယ်ကောင်းကင်ကို လွှမ်းခြုံသွားလိမ့်မယ်"

လူငယ်က လက်တစ်ဖက်ကိုမြှောက်ပြီး အမိန့်ပေးသလို ပြောလိုက်ရပါတယ်။ အခြားနတ်ဆိုးတွေလည်း ကောင်းကင်ကိုမော့ကာ ဟိန်းဟောက်လိုက်ပါပြီ။
"အူး…"

ဒီဟိန်းဟောက်သံက ကောင်းကင်လှိုင်းတွေ ဖြစ်ပေါ်စေပြီး ဟင်းလင်းပြင်ကို ဆုပ်ဖြဲပစ်လိုက်ပါတယ်။

ကြယ်သွေးရောင်ကောင်းကင်ကြီး ပြန်ပေါ်လာခဲ့ပါပြီ။ သတ္တဝါအမျိုးမျိုးလည်း ပေါ်လာပါတော့တယ်။

ဒီသတ္တဝါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းက သူ အိပ်စက်ချိန်မှာ ချန်ရစ်ခဲ့တာပါ။

သူပြန်နိုးလာချိန်မှာ ခန္ဓာအသစ်နဲ့ဖြစ်ပြီး အစွမ်းထက်တပ်တစ်ခုကိုလည်း ပိုင်ဆိုင်ထားပါလိမ့်မယ်။

ဒါပေမဲ့ မမျှော်လင့်ဘဲ သူ့ရဲ့ အိပ်စက်မှုက နှစ်ပေါင်းသုံးသောင်း ကြာမြင့်ခဲ့ပါတယ်။

လူသားမျိုးနွယ်အတွက် ကံကြမ္မာကို ပြောင်းလဲဖို့ မခက်ခဲပါ။

ဒါပေမဲ့ အခြားမျိုးနွယ်တွေအတွက် ပိုပြီးတော့ ခက်ခဲခဲ့ပါတယ်။

ဒီကျွမ်းကျင်သူဆိုရင်လည်း ပြန်လည်ဝင်စားခြင်းမှ လွတ်မြောက်ဖို့ နှစ်ပေါင်းသုံးသောင်းတောင် ကြာမြင့်ခဲ့တာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်းသူံသောင်းအတွင်း  သူ့ရဲ့အင်အားစုဟာ သိသိသာသာ ကျဆင်းပြီး ဆယ်ပုံတစ်ပုံအောက်အထိ ကျဆင်းသွားခဲ့ရပါတယ်။ ကြောက်စရာသားရဲတွေကလည်း အသိစိတ်ပျောက်တဲ့ သားရဲတွေလို ဖြစ်နေခဲ့ကြပါပြီ။

ဒါပေမဲ့ သူတို့မှာ မျိုးရိုးဗီဇတော့ ရှိနေကြဆဲပါ။

ဒီလူငယ်ရဲ့ တည်ရှိမှုက သူတို့ရဲ့ တိုက်ခိုက်ချင်စိတ်ကို ပြန်လည်နိုးထလာစေခဲ့ပါတယ်။

သူတို့က သားရိုင်းတွေဖြစ်ရင်တောင် မျိုးရိုးဗီဇနဲ့ တိုက်ခိုက်ချင်စိတ်ရှိကာ အားကောင်းတဲ့ ကျွမ်းကျင်သူတွေနဲ့ ရင်ဆိုင်နိုင်ပါသေးတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now