အပိုင်း ( 1798 )နင့်ကို ငါ လက်တွေ့ သရုပ်ပြပါမယ်

110 13 0
                                    

အပိုင်း ( 1798 )

"နင်နဲ့ တိုင်ဂန်စစ်ကမ္ဘာကို လိုက်ခဲ့မယ်ဆိုရင် ပျော်စရာကောင်းတာ ရှိနိုင်မလား"

ဒါကိုကြား‌တော့ ဟွာမိန်းကလေးက တိုက်ရိုက် မငြင်းဆန်ခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ သူဟာ အပြင်ကို သွားလာခဲတာကြောင့် ထူးခြားတဲ့ အရာတွေ၊ ပတ်ဝန်းကျင်တွေကို စိတ်ဝင်စားမိပါတယ်။ ဒီအတွက်ကြောင့်ပဲ ချူးယွန်ရဲ့ အကြံကို စိတ်ဝင်စားသွားမိတာပါ။

"ပျော်စရာလား"
ချူးယွန်က ခဏစဉ်းစားပြီးနောက် ပြုံးကာ ပြောလိုက်ပါတယ်။
"ပျော်စရာလား၊ ဒါက ထူးထူးကဲကဲ အရှိပါဘူး။ ဒါပေမဲ့ တိုင်ဂန်စစ်ကမ္ဘာမှာ ပန်းချီပညာကို ထူးချွန်တဲ့ ပါရမီရှင် နှစ်ယောက် သုံးယောက်လောက် ရှိတယ်၊ သူတို့က ငါ့ထက်လည်း သန်မာကြတယ်လေ။ နင် သွားမယ်ဆိုရင် သူတို့နဲ့ ပန်းချီပညာကို ဖလှယ်လို့ရတယ်။ ဒါဆိုရင် နင် မပျင်းရတော့ဘူးပေါ့"

ဟွာမိန်းကလေးလည်း မျက်လုံးတွေ တောက်ပလာကာ ပြောလိုက်တယ်။
"သူတို့ရဲ့ ပန်းချီပညာက နင့်ထက် ပိုကောင်းတာလား"

"ဒါက သဘာဝပေါ့"
ချူးယွန်က ခေါင်းညိတ်လိုက်ပါတယ်။

ပန်းချီပညာရှိက သူ့ဆရာဖြစ်တာကြောင့် သူ့ထက် ပန်းချီပညာမှာ ထူးချွန်ပြီးသားပါ။

နဝမမင်းသမီးကလည်း ကောင်းကင်အဆင့်တစ်ဆယ် သိုင်းဝိညာဉ်နဲ့ ပန်းချီပညာကို အထူးပြုတာကြောင့် သူ့ထက် ပိုပြီးသန်မာပါတယ်။

လုယွဲ့ကလည်း အလားတူ ကြောက်စရာကောင်းသူတစ်ဦးပါပဲ။

"ကောင်းပြီ၊ နင်ပြောတဲ့အတိုင်း မှန်ရင် ငါ နင်နဲ့ လိုက်ခဲ့မယ်"
ဟွာမိန်းကလေးလည်း သဘောတူလိုက်ပါတော့တယ်။

ဘာပဲဖြစ်ဖြစ်၊ ဦးတည်ရာမဲ့ လှည့်လည်သွားလာနေရတာက ငြီးငွေ့စရာကောင်းတယ်။

ဒါကိုကြားတော့ ချူးယွန် အနည်းငယ် စိတ်လှုပ်ရှားသွားပါတယ်။

ဟွာမိန်းကလေးရဲ့ အဆင့်အတန်းနဲ့ သင်ကြားမှုကို ရနိုင်မယ်ဆိုရင် ကူရှိချောင်နဲ့ အခြားသူတွေအတွက် မမျှော်လင့်ထားတဲ့ တိုးတက်မှုကို ရရှိနိုင်မှာပါ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now