အပိုင်း ( 1840 )ဒါ... ဒါက နင့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကြယ်ကောင်းကင်လား

123 11 0
                                    

အပိုင်း ( 1840 )

ချူးယွန်က ချူးမူကျစ်ကို အောက်ပြန်ချပေးပြီး ပြောလိုက်တယ်။
"စိတ်ဝိညာဉ်ရေးဆွဲနည်းက တကယ်ကို အစွမ်းထက်တဲ့ ရှေးဟောင်းလျှို့ဝှက်နည်းတစ်ခုပဲ။ မင်းဒါကို လေ့ကျင့်ချင်ရင် ရပါတယ်၊ ဒါပေမဲ့ ထူးခြားမိစ္ဆာဖြစ်ဖို့ ဆိုတာကတော့ ပြောလို့မရဘူး။ အဖေလည်း တိုက်တိုက်ဆိုင်ဆိုင် အခြေအနေတစ်ခုကြောင့် ဖြစ်လာခဲ့ရတာ။ မင်း တကယ်ပဲ ထူးခြားမိစ္ဆာဖြစ်ချင်ရင် မင်းရဲ့ဒေါ်လေး ကျန်းလီကို မေးကြည့်သင့်တယ်"

"ရပါတယ်... ရပါတယ်၊ လေ့ကျင့်နိုင်တယ်ဆိုရင်ပဲ အတော်ကောင်းနေပြီ။ အခု ဘယ်လိုလုပ်ရမယ်ဆိုတာ သားကို သင်ပေးပါ"
ချူးမူကျစ်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။ ဒီနည်းလမ်းက ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ သဘာဝအရ သူသိပါတယ်။ ဝိညာဉ်ရေးဆွဲနည်းက ဝိညာဉ်နှစ်ခုကို မွေးဖွားစေနိုင်တယ်။ ဒီနည်းလမ်းက လူတစ်ယောက်အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။

ဒါကြောင့် ချူးမူကျစ်က သင်ယူချင်ခဲ့တာ အံ့သြစရာတော့ မဟုတ်ပါ။

နောက်ဆုံးမှာတော့ သူတို့အရွယ်ဟာ အရာရာကို စူးစမ်းချင်စိတ်ပြည့်နေခဲ့ပါတယ်။

‌ချူးယွန်က သူ့အရှေ့မှာ ထူးခြားမိစ္ဆာအသွင်ကို တစ်ခါမှတော့ ထုတ်မပြဖူးပါဘူး။ ဒါပေမဲ့ လူကြီးတွေ ပြောကြတာကို သေသေချာချာ ကြားဖူးပြီးသားပါ။

ထူးခြားမိစ္ဆာအသွင်ကို ပြောင်းလိုက်တဲ့အခါ တစ်ကိုယ်လုံးကို နတ်ဆိုးစွမ်းအင်တွေက လွှမ်းခြုံထားမှာဖြစ်ပြီး ကြွက်သားအပြည့်နဲ့ ခန္ဓာကိုယ်ကလည်း ငါးမီတာအထိ တိုးပွားလာပါလိမ့်မယ်။ အဲဒီအခြေအ‌နေမျိုးမှာ အဆုံးမဲ့အင်အားတွေ ပြည့်နှက်နေပြီး လှုပ်ရှားမှုတစ်ခုစီက မိုးနဲ့မြေကို ဖျက်စီးနိုင်မှာပါ။

နောက်ကျောမှာ ကြီးမားတဲ့ အတောင်ပံရှိပြီး သန်မာတဲ့အမြီးလည်း ရှိပါသေးတယ်။

ထူးခြားမိစ္ဆာခန္ဓာက တွေးကြည့်ရုံနဲ့ ကြီးစိုးပြီး စိတ်လှုပ်ရှားစရာကောင်းလွန်းပါတယ်။

‌ဒါကြောင့်ပဲ ချူးမူကျစ်က ဒီအရာကို တောင့်တခဲ့တာပါ။

"ဝိညာဉ်ရေးဆွဲခြင်းနည်းလမ်းက လေ့ကျင့်ဖို့ မခက်ခဲပါဘူး။ တကယ့်အခက်အခဲက မင်း လေ့ကျင့်တာ အောင်မြင်ပြီးရင် မတူညီတဲ့ဝိညာဉ်နှစ်ခုကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ၊ ဒါက အရေးကြီးဆုံးအပိုင်းပဲ။ ဒါကြောင့် ဝိညာဉ်ရေးဆွဲနည်းကို အောင်မြင်အောင် လေ့ကျင့်နိုင်ရင် ဝိညာဉ်နှစ်ခုကို သေသေချာချာ သုံးသပ်ပြီး ထိန်းချုပ်ရမယ်။ မင်းလေ့ကျင့်ရအောင် ဒုတိယဝိညာဉ်ကို ထိန်းချုပ်နိုင်ပေမဲ့ အဓိကနဲ့ သာမညကို ကောင်းကောင်း နားလည်ရမယ်"
ချူးယွန်က ရှင်းပြပြီးနောက် စတင် သင်ကြားလိုက်ပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now