အပိုင်း ( 1808 )ဒီတိုက်ခိုက်မှုအောက်မှာ ဘယ်သူက လွတ်မြောက်နိုင်မှာလဲ

114 12 0
                                    

အပိုင်း ( 1808 )

တိုင်ဂန်စစ်ကမ္ဘာအပြင်ဘက်မှာ တိထျန်းက လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရပ်လိုက်ပါတယ်။ သူက အနည်းငယ်ပြုံးပြီး ပြောလိုက်တယ်။
"မင်းတို့ကောင်တွေ တကယ်ပဲ ငါနဲ့ လိုက်လာမယ်လို့ မမျှော်လင့်ထားဘူး။ အတွင်းမှာ သေလိုက်တာက ပိုမကောင်းလို့လား"

ချူးယွန်နဲ့ တန်းချုံကျန်းတို့ နှစ်ဦးစလုံး တိတ်ဆိတ်နေခဲ့ကြပါတယ်။

သူတို့နှစ်ယောက်စလုံး ပြိုင်ဘက်ရဲ့ ကြောက်စရာကောင်းမှုကို ခံစားနိုင်တယ်။

ပြိုင်ဘက်ကို အနိုင်ယူဖို့က လွယ်မဲ့ကိစ္စမဟုတ်ဘူး။

အရေးကြီးဆုံးကတော့ ပြိုင်ဘက်ရဲ့နယ်ပယ်ကို မခံစားနိုင်ဘူး။

တစ်ဖက်လူက တတိယအဖြတ်ဖြစ်နိုင်ပြီး စတုထ္ထအဖြတ်ဖြစ်ဖို့တောင် များပါတယ်။

တတိယအဖြတ်ဆိုရင်တော့ အကောင်းဆုံးကြိုးစားရင် အနိုင်ရသူကို သေချာပေါက်ပြောပြနိုင်မှာပါ။

ဒါပေမယ့် စတုတ္ထအဖြတ်ကဆိုရင်တော့ လုံးဝ မဖြစ်နိုင်တော့ဘူး။

"လာ၊ အစွမ်းကုန် တိုက်ခိုက်ကြစမ်း၊ မင်းတို့ရဲ့တိုးတက်မှုကို ငါ ကြည့်ပါရစေ"
တိထျန်းက သူ့လက်နှစ်ချောင်းနဲ့ လက်ယပ်ခေါ်လိုက်ပါတယ်။ မရင့်ကျက်သေးတဲ့ သူ့မျက်နှာမှာ ဆန့်ကျင်ဘက် ရက်စက်ကြမ်းကြုတ်မှုတို့ ပေါ်လာခဲ့တယ်။

"သွား"
ချူးယွန်ရဲ့ မျက်လုံးတွေက အေးစက်သွားပြီး ရှေ့ကို ပြေးသွားခဲ့ပါတယ်။

ဓားနဲ့ဆေဘာတံဆိပ်တော်က တိတ်တဆိတ် ပေါက်ကွဲသွားခဲ့ပါပြီ။ သူ့ရဲ့ လက်သီးချက်၊ လက်ဝါးရိုက်ချက်နဲ့ တိုက်ခိုက်မှုတိုင်းမှာ ကြီးမားတဲ့အင်အားတွေ ပါဝင်လာပါတော့တယ်။

တိထျန်းက လှောင်ပြောင်ရယ်မောပြီး ချူးယွန်ရဲ့ တိုက်ခိုက်မှုတွေကို လျင်မြန်စွာ ပိတ်ဆို့သွားခဲ့ပါတယ်။

"ဝုန်း ဝုန်း ဝုန်း"
ထိပ်တိုက် တွေ့ဆုံလိုက်တိုင်း ချူးယွန်ရဲ့ ခြေလက်တွေက ထုံကျဉ်သွားခဲ့ရပါတယ်။ တစ်ဖက်လူရဲ့ အင်အားက ကြီးမားလွန်းတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now