အပိုင်း ( 1800 )စစ်ထဲဝင်ဖို့ စိတ်မဝင်စားဘူး

105 14 0
                                    

အပိုင်း ( 1800 )

ဒီနှစ်တွေထဲမှာ မျက်နှာမဲ့နဲ့ တန်းလီတို့နှစ်ဦးက ကြိုးကြိုးစားစား လေ့ကျင့်ခဲ့ပါတယ်။ ဒါပေမဲ့ တန်းလီကတော့ တိုးတက်မှု မရှိခဲ့ပါတယ်။ အဲဒီအစား မျက်နှာမဲ့က ကပ်ဘေးဖြတ်ကျော်ခြင်း ခုနစ်ခုကို ထိတွေ့နိုင်လာခဲ့ပါတယ်။ နှစ်အနည်းငယ်အတွင်း ပထမအဆင့်ကို သူ ရောက်နိုင်တော့မှာပါ။

တန်းချုံကျန်းဟာ စိတ်သက်သာရာရနေရင်းမှာပဲ စိုးရိမ်နေခဲ့ရပါတယ်။

နတ်ဆိုးမျိုးနွယ် အရှိန်အဟုန်နဲ့ ချဲ့ထွင်လာတဲ့အခါ၊ အဆုံးမဲ့ကြယ်ကောင်းကင်ရှိ မျိုးနွယ်ခြား အမြောက်အမြားက ခိုလှုံဖို့ သွားရောက်ခဲ့ကြပါတယ်။ သူတို့ရဲ့အင်အားက မကြီးမား‌ပေမဲ့ ဒါဟာ သူတို့ရဲ့စိတ်သဘောထားကို ပြသနေခဲ့သလိုပါပဲ။

အခု လူသားမျိုးနွယ်က အခြေအနေ ဆိုးရွားနေပါပြီ။

တစ်ခုခုကို အမြန် စဉ်းစားနိုင်ရင် နတ်ဆိုးမျိုးနွယ်က လုံးလုံးလျားလျား သိမ်းပိုက်ခံရမှာကို ကြောက်ရတယ်။

တစ်ချိန်တည်းမှာပဲ... နတ်ဆိုးချပ်ပြားမှာ...

နတ်ဆိုးကောင်လေးက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ရပ်နေခဲ့ပါတယ်။ သူ့အရှေ့မှာ ရှိနေတာက မီတာတစ်ထောင်ခန့် မြင့်တဲ့ ဧရာမသားရဲကြီးတစ်ကောင်ပါ။

ဒီဘီလူးကြီးဟာ ‌သူ့လို ရှေးဦးသတ္တဝါတစ်ကောင်ပါပဲ။ သူဟာ သူ့ခွန်အားကို ထိန်းသိမ်းထားနိုင်အောင် နှစ်များကြာအောင် အခြားသတ္တဝါတွေကို ဝါးမြိုခဲ့ပါတယ်။ အခုဆိုရင် သူက ကပ်ဘေးခုနစ်ခုရဲ့ ပထမအဆင့်ကို ရောက်သွားခဲ့ပါပြီ။

"လန်ပေါင်၊ မင်းဘယ်လိုခံစားရလဲ"
နတ်ဆိုးလေးက ပြုံးလိုက်ပါတယ်။

လန်ပေါင်လို့ခေါ်တဲ့ ဧရာမသားရဲကြီးရ ပြုံးပြီး ပြောလိုက်တယ်။
"ဆရာ၊ အခု အတော် နေလို့ကောင်းပါတယ်။ တန်းချုံကျန်းနဲ့တောင် တိုက်ခိုက်ချင်နေခဲ့ပါပြီ"

နတ်ဆိုးလေးက ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ်။
"ကောင်းပြီ၊ ဒါဆို တန်းချုံကျန်း ဘယ်လောက်အထိ ခရီးရောက်နေပြီလဲဆိုတာ ကြည့်ရအောင်။ သူက နှစ်တွေကြာလာတာတောင် တိုးတက်မှု သိပ်ရှိပုံမရဘူး၊ ဒါက တကယ်ကို စိတ်ရှုပ်စေတယ်"

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Donde viven las historias. Descúbrelo ahora