5

1.1K 109 0
                                    

လီယင်

အခန်း၅။ ငွေကြေးပဋိပက္ခ

လီယင်သည် ကြွေဖြူလက်ဖက်ရည်အိုးတစ်ခုကို ကိုင်ကာ မြေခွေးတစ်ကောင်၏မျက်လုံးများကဲ့သို့ တောက်ပစူးရဲနေသည့်မျက်လုံးများဖြင့် ကြည့်ကာ အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။ လက်စွပ်တွင် အကာအကွယ်ရှိသော အခြေအနေနှင့် အကာအကွယ်မရှိသော အခြေအနေ ဟူ၍ လုပ်ဆောင်ချက်နှစ်မျိူးပါရှိသော်လည်း ယခင်အခေါက် အချိန်နှင့်နေရာ ခရီးသွားလိုဏ်ခေါင်းကို ဖြတ်စဉ်တုန်းက အကာအကွယ်ခလုတ်ကိုနှိပ်ရန် မေ့သွားသောကြောင့် သူထိခိုက်ဒဏ်ရာရခဲ့သည်။

ယခုတစ်ခါသာ မမေ့ပဲ သေချာလုပ်နိုင်ခဲ့လျှင် ဤရှေးဟောင်းပစ္စည်းများကို အထိအခိုက်တစုံတရာမရှိပဲ အနာဂတ်ခေတ်သို့ ပြန်လည်ယူဆောင်နိုင်ပေလိမ့်မည်။ ထိုပစ္စည်းများသည် တကယ့်အစစ်အမှန်ရှေးဟောင်းပစ္စည်းများသာ ဖြစ်နေမည်ဖြစ်ပြီး အစစ်နှင့်တူအောင် ထုတ်လုပ်ထားသော အရည်အသွေးမြင့် ပစ္စည်းအတုများ ဖြစ်နေမည့်ကိစ္စအတွက် စိတ်ပူစရာမလိုတော့ပေ။

“ အရှင့်သား၊ ပရိဘောဂပစ္စည်းတွေ ဟောင်းနွမ်းနေတယ်လို့ ထင်ရလို့ပါလား။ ကျွန်တော်မျိုး တစ်ယောက်ယောက်ကိုခေါ်ပြီး အသစ်တွေနဲ့ လဲခိုင်းလိုက်ပါ့မယ်။ ”

အိပ်ခန်းထဲမှ အခုထိ ထွက်မသွားသေးသော ကျင်းတချမ်မှ ပရိဘောဂများကိုစူးစိုက်၍ မျက်မှောင်ကြုတ်လျက်ကြည့်နေသော လီယင်ကို မြင်၍ ဆိုသည်။

“ ရပါတယ်။ နေပါစေ။ လုပ်စရာရှိတာပဲ သွားလုပ်ပါ။ ပြန်မရောက်တာ ၂နှစ်တောင် ကြာပြီမို့လို့ အရင်က ကိုယ်ရင်းနှီးခဲ့တဲ့ ပတ်ဝန်းကျင်ကို သတိတရ ပြန်လိုက်ကြည့်နေတာပါ။ ” ဟု ဆိုလျက် တံခါးဝမှ ထွက်ကာ နောက်ဖေးရှိ မြေကွက်လပ်ထဲသို့ လမ်းလျှောက်ဆင်းလေသည်။

ထန်မင်းဆက်ခေတ်တွင် ချန်အန်းပြည်နယ်ကို ယေဘုယျအားဖြင့် သုံးပိုင်း ခွဲခြားထားသည်။ ဘုရင်မင်းမြတ်နှင့် မောင်းမမိဿံများနေထိုင်ရာ နန်းမြို့‌အပိုင်း၊ မှူးမတ်အရာရှိများနေထိုင်ရာအပိုင်းနှင့် စံအိမ်တော်များ၊ လူနေအိမ်များနှင့် ပြည့်နှက်နေသော အပိုင်းဟူ၍ပင် ဖြစ်သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now