46

582 54 0
                                    

အခန်း၄၆။ လီယင်၏ အမျက်ဒေါသ။

အရှင်မင်းကြီး လီရှစ်မင်၏ သားတော် ၁၄ ယောက်ထဲမှ လီယင်ကို အကျင့်ပျက်သူဟု  ‌သမိုင်းမှတ်တမ်းတင်ခံခဲ့ရသည်ဆိုလျှင် လီယင်ထက် ပိုဆိုးရွားစွာ မှတ်တမ်းတင်ခံရသည့် သားတော်တစ်ပါးလည်းရှိသေးသည်။ ထိုသူ့ကို သမိုင်းကြောင်းများထဲ၌ ခိုင်းနှိုင်းထားသည့် စကားလုံးမှာ မိန်းမလိုမိန်းမရစိတ်ရှိသောသူ၊ လူမိုက်အားကိုးနှင့် မိုက်နေသူ ဟူ၍ပင် ဖြစ်ချေသည်။

လီယင်မှတ်မိသလောက်ကတော့ သူ၏ ငါးယောက်မြောက်အစ်ကိုတော်သည် အဆိုပါနာမည်နှင့် အံဝင်ခွင်ကျဖြစ်လှပေသည်။ သူသည် တနေ့ပတ်လုံး လူဆိုးလူမိုက်များနှင့်ပေါင်းကာ ချမ်အန်းမြို့ထဲတွင် လျှောက်သွားပျော်ပါးနေလေ့ရှိသည်။

“ ဪ ဘယ်သူများလဲလို့။ ညီတော် ခြောက် ပါလား ”

လီယင် တက်လာသည်ကို မြင်သောအခါ မင်းသားလီယိုက ခနဲ့တဲ့တဲ့လေသံဖြင့် ပြောလိုက်သည်။ လီယင်ကတော့ လီယို၏ စကားကို ဂရုမစိုက်အားပေ။

လီယင်နှင့် အဆိုပါ ငါးယောက်မြောက်မင်းသားတော်တို့ နှစ်ဦးကြား ဆက်ဆံရေးမှာ သူစိမ်းသာသာပင်ရှိလေသည်။ မျိုးနွယ်တစ်ခုတည်းမှ ဆင်းသက်လာကြသူများဖြစ်သော်လည်း ရေတွင်းထဲမှ ရေနှင့် မြစ်ရေကဲ့သို့ တစ်ဦးနှင့်တစ်ဦး သွားမပတ်သက်ကြပဲ သူ့နေရာနှင့်သူသာ နေခဲ့ကြသည်သာ။ ယခုတော့ မပတ်သက်ချင်၍ မရတော့ပေ။
သူ၏နောက်လိုက်ငယ်သားကို မစောင့်ရှောက်နိုင်သော ခေါင်းဆောင်သည် ဘယ်တော့မှမအောင်မြင်။ ပြည်သူပြည်သားများကို မကာကွယ်နိုင်သော ဘုရင်သည် ဘုရင်မဖြစ်ထိုက်။ လီယင်သည် သမိုင်းကြောင်းများထဲတွင် အရှင်မင်းကြီး လီရှစ်မင်မှ သူ့အား လီကျန့်ချမ်နှင့် လီယွမ်ကျီတို့ရန်မှ မည်မျှကာကွယ်ပေးခဲ့ကြောင်းကို သူဖတ်ခဲ့ရဖူးသည်။ ယခုတော့ တုရူဟွေ့၊ ယောင်ကျင်း၊ ဖန့်ရွှယ်လင်နှင့် လီယိုတို့သည် သူ့လူများကို ရိုက်နှက်ခဲ့လေပြီ။ မှားမှားမှန်မှန် သူ့လူဘက်မှ သူရပ်တည်ကာကွယ်ပေးရပေမည်။ မဟုတ်လျှင် မိမိအပေါ် အားကိုးယုံကြည်မည့် နောက်လိုက်ရှိတော့မည်မဟုတ်ပေ။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now