81

439 35 0
                                    

အခန်း၈၁။ လောရှောင်ရီ၏ ထူးဆန်းသော အပြုအမူ

“ ရှောင်ရီ၊ ဒီမယ် ဘယ်သူလာလဲလို့ ကြည့်ပါဦး ”
ချန် အခန်းထဲကိုဝင်လာသောအခါ ရှောင်ရီသည် ပြတင်းပေါက်နံဘေးတွင်ထိုင်ကာ မိုးရွာနေသော မြင်ကွင်းအား ငေးကြည့်နေလေသည်။

“ အဒေါ်၊ သမီး ဘယ်သူနဲ့မှမတွေ့ချင်ဘူးလို့ ပြောထားတယ်လေ ”

လောရှောင်ရီက အပြင်ဘက်ကိုပဲ ငေးကာ ပြန်ပြောလိုက်ရာ ချန် က တစ်ခုခု ထပ်ပြောချင်သေးသော်လည်း လီယင်က တားလိုက်သဖြင့် ချန် လည်း ပြုံးကာ လှည့်ထွက်ခဲ့သည်။ မျက်ကွယ်ရာရောက်သည်နှင့် ချန် ၏ မျက်နှာသည် အပြင်က မိုးကောင်းကင်ကြီးအလား ညို့မှိုင်းသွားတော့သည်။

လီယင်လည်း လော‌ရှောင်ရီ၏ အခန်းထဲသို့ ဝင်လာခဲ့ရင်း သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးအားကြည့်ကာ ရင်တွင်းသို့ မျိုးစုံသော ခံစားချက်များ ဝင်ရောက်လာခဲ့သည်။ ထို့ကြောင့် အသက်ပြင်းပြင်းတချက် ရှိုက်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နှင့်ပင် -

“ ကိုယ်တော့်ကိုတောင် ဘာလို့မတွေ့ချင်ရတာလဲ ”
ဟု မေးလိုက်ရာ လီယင့်အသံကြောင့် လောရှောင်ရီ၏ ခန္ဓာကိုယ်မှာ ဆတ်ကနဲတုန်သွား၍ အသံလာရာဆီသို့ လှည့်ကြည့်လိုက်လေသည်။ ထိုအခါမှ မိုးရေများဖြင့် ရေစက်လက်ဖြစ်နေသော လီယင်ကိုတွေ့ကာ ရုတ်တရက်ငိုချင်သွားသော်လည်း လှိုက်တက်လာသော ခံစားချက်ကို ထိန်းချုပ်ကာ -

“ အရှင့်သားက ကိုယ့်ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ဦးမှပေါ့။ ဒီလောက်ကြီး မိုးတွေသည်းနေတာကို ဒီအထိရောက်လာသေးတယ်။ အူရောင်ငန်းဖျားရောဂါဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ရှောင်ရီ့အပြစ်မကင်းသလို ဖြစ်မှာပေါ့ ” ဟု ဂရုဏာဒေါသဖြင့် ပြောလိုက်သည်။

လောရှောင်ရီ၏ ဂရုတစိုက်ရှိလှသော စကားတို့ကြောင့် ထိန်းချုပ်ထားရသော လီယင်၏စိတ်များပင် ယိုင်နဲ့ပြိုလဲတော့မလို ဖြစ်သွားလေသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နေ့ရောညပါ အတူရှိခဲ့ကြခြင်းကြောင့် လောရှောင်ရီကို အနည်းငယ်နှစ်သက်နေမိသည်ကိုလည်း သူ့ကိုယ်သူသိသည်။ ‌ထို့ကြောင့် မချိပြုံးပြုံးကာ အတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစား၍ -

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now