78

438 36 0
                                    

အခန်း ၇၈။ စုမောအာ၏ တွေ့ရှိချက်

ထိုအခါ လီယင်သည် စုမောအာကို အားရကျေနပ်စွာ ကြည့်လိုက်ကာ -

“ မောအာကတော့ တကယ့်ကို ယုံကြည်စိတ်ချရပါပေတယ်။ ကိုယ်တော့်ရဲ့ လူယုံပဲ။ ဟိုသစ်သားတုံး ကျင်းတချမ်ကတော့ သူနဲ့ပြောရရင် ကျွဲပါးစောင်းတီး ဖြစ်နေမှာ ” ဟု ချီးကျူးလိုက်သည်။

စုမောအာလည်း ခဏတော့ အပျော်လွန်သွားသေးသည်။ ပြီးမှ တစ်စုံတစ်ခုကို သတိရသွားသည့်ဟန်နှင့် -

“ အရှင့်သားရဲ့ လူယုံက လောရှောင်ရီ မဟုတ်ဘူးလား ” ဟု အပြစ်တင်သံ တစ်ဝက်နှင့် ပြန်ပြောလိုက်၏။

ထိုအခါ -

“ ဟင် … ဘာပြောတာ … အဟွတ် ..အဟွတ် .. ”

လီယင်တစ်ယောက် ‌မြေပဲဝါးရင်း သီးလေပြီ။

“ လူတစ်ယောက်မှာ လူယုံဆိုတာ အများကြီးရှိနိုင်တာပဲလေ ” ဟု ပြန်လည်ချေပ၏။

“ ဟွန့်၊ မောအာက အရှင့်သားကို စိတ်ပူလို့ပြောတာပါ။ အဲ့ဒီ လောရှောင်ရီဆိုတဲ့ မိန်းကလေးနဲ့ ပတ်သက်နေတာကို ရပ်သင့်တယ် ”

ပြောသင့် မပြောသင့် စဉ်းစားပြီးနောက် စုမောအာသည် သူမ၏ အတွေးကို ပြောပြချေပြီ။

လောရှောင်ရီ၏ ပုံရိပ်ကို ဖျတ်ကနဲ မြင်ယောင်လာပြီးနောက် လီယင်က -

“ မိန်းကလေး မော က ဘာလို့အဲ့လိုပြောရတာလဲ ” ဟု ပြန်မေးလိုက်တော့သည်။

ထိုအခါ စုမောအာလည်း လီယင်၏ ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး -

“ အရှင့်သား၊ အရှင့်သားရဲ့ ခွင့်ပြုချက်မရပဲ လီချွန်းယွမ်နဲ့ လောရှောင်ရီရဲ့အကြောင်းကို စုံစမ်းဖို့ မောအာ စစ်မာထူကို ညွှန်ကြားခဲ့မိပါတယ် ” ဟု ဝန်ခံလိုက်သည်။

“ ဘာ ….. ဘာလို့ ကိုယ့်တော့်ကို မပြောပဲ လုပ်တာလဲ … ”

လီယင့်အသံမှာ အံ့ဩနေပုံလည်းရသလို စိတ်ပျက်လက်ပျက်ဖြစ်နေပုံလည်း ရ၏။

“ ပြောပြရင်ရော အရှင့်သားက လက်ခံမှာလား ”

စုမောအာသည် လီယင်၏မျက်လုံးများကို တည့်တည့်ကြည့်ကာ မေးလိုက်၏။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Onde as histórias ganham vida. Descobre agora