9

969 102 0
                                    

လီယင်

{လီယင်ကတော့ တမူးထူးတဲ့ ဇာတ်လမ်းပေါ့နော်။ ကျင့်ကြံတာတွေ တော့မရှိဘဲ ၂၁ရာစုကနေ ထန်မင်းဆက်ကို ကူးပြီး စီးပွာရေးအင်ပါယာ ချဲ့ထွင်တာပေါ့။ ကြာလေ ဇာတ်အိမ်က တက်လေပဲ။ တကယ်ဖတ်လို့ကောင်းတဲ့ စာစဉ်တစ်ပုဒ်ပဲ}

အခန်း၉။ ကြင်ယာတော်ယန်

ဤအမျိုးသမီးသည် ကြင်ယာတော်ယန်ပင်ဖြစ်ချေရာ လီယင်လည်း ချမ်သဲ့ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ကာ တလေးတစားဦးညွတ်ရင်း နှုတ်ဆက်လိုက်သည်။

“ ကြင်ယာတော်ယန်ကို သားတော် ဂါရဝပြုပါတယ်။ ”

သားတော်လီယင် ရေတွင်းထဲသို့ ပြုတ်ကျကာ ထိခိုက်ဒဏ်ရာရသွားသည့်အကြောင်း လီခယ့်ထံမှ ကြားသဖြင့် ဤလျန့်စံအိမ်တော်သို့ အမြန်ကြွချီလာခြင်းဖြစ်သည်။ အရှင်မင်းကြီး လီရှစ်မင်တွင် များစွာသော သားတော်၊ သမီးတော်များ ရှိသော်လည်း သူမတွင်တော့ လီခယ့်နှင့် လီယင်ဟူသည့် သားတော်နှစ်ပါးသာရှိပေသည်မဟုတ်လား။

ထို့အပြင် အရှင်မင်းကြီးလီရှစ်မင်သည် စာပေနှင့်ကဗျာဖတ်ရှုလေ့လာသူများနှင့် မွေးရာပါထက်မြက်သောသူများကိုသာ ချီးမြှောက်လေ့ရှိရာ သူမ၏ကလေးနှစ်ယောက်မှာ ထိုအရည်အချင်းများနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် မိခင်တစ်ယောက်အနေနဲ့ ရင်ထုမနာဖြစ်ရသော်လည်း မည်မျှပင်ဆိုးသွမ်းနေဦးတော့၊ သားသမီးသည် သားသမီးသာဖြစ်သည်။ သူမအတွက်တော့ ဤသားတော်နှစ်ပါးသည် အဖိုးမဖြတ်နိုင်သော ရင်နှစ်သည်းချာကလေးများပင် ဖြစ်လေတော့သည်။

လီယင် ကြားရမည်ဟု မျှော်လင့်ထားသည့် ပြစ်တင်စကားများအစား ကြင်ယာတော်ယန်မှာ အနားသို့ရောက်လာကာ လီယင်၏ ခေါင်းလေးကိုပုတ်၍ ကရုဏာသက်စွာ ပြောလိုက်သည်။

“ ဘယ်လိုနေသေးလဲ၊ သားတော်လေး။ နာနေသေးလား။ ဒဏ်ရာတွေလည်း မပျောက်သေးပဲ လျှောက်သွားနေရတယ်လို့ ဒီကလေးနှယ်။ ”

ကြင်ယာတော်ယန်၏ ဂရုတစိုက်ရှိပုံမှာ ဟန်ဆောင်ခြင်းအလျှင်းမရှိကြောင်း လီယင် ခံစားလိုက်ရ၍ ကြည်နူးစိတ်ဖြစ်ကာ လီယင် ခဏတာ ငြိမ်သွားသည်။ ကြင်ယာတော်ယန်စိတ်ပူနေရှာသည့် လီယင်မှာ အခုသူ့ရှေ့တော်ရောက်နေသည့် လီယင်မဟုတ်သော်လည်း သားသမီးအပေါ်ထားရှိသော မိခင်တစ်ယောက်၏ မေတ္တာကို ခံစားနိုင်သည်။ ယခုကဲ့သို့ ခံစားမှုမျိုး လီယင်တခါမှ မခံစားခဲ့ရဖူးပေ။ ထို့ကြောင့်လည်း လီယင်သည် မိခင်ထံမှ ဤအကြင်နာမေတ္တာများကို အမြဲတ‌မ်း ရ‌နေချင်သောစိတ်များပင် ရုတ်တရက်ပြင်းပြလာလေတော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now