79

425 37 0
                                    

အခန်း၇၉။  ရုန်းလေနစ်လေ

“ ဟုတ်ကဲ့ပါ အရှင့်သား ”

စုမောအာသည် ထိုအခါမှ သက်ပြင်းချနိုင်တော့သည်။ အရှင့်သား လီယင်သည် စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိသေးပုံရ၏။

စုမောအာနှင့် ဖြစ်ကြောင်းကုန်စင်ဆွေးနွေးပြီးနောက် လီယင်လည်း စက်ရုံရှိ အရက်ပေါင်းခံခန်းသို့ ရောက်လာခဲ့သည်။ စက်ရုံဆောက်လုပ်ပြီးစီးစဉ်ကတည်းက လီယင်သည် အရက်ပေါင်းခံစက်ကို အိမ်တော်မှ ဤစက်ရုံဆီသို့ ပြောင်းရွှေ့ထားခဲ့၏။ နောက်ထပ် ပေါင်းခံစက် စုစုပေါင်း ၄၄ ခု ထပ်မံတပ်ဆင်ပြီးသွားသောအခါ ဤစက်ရုံထဲတွင် ပေါင်းခံစက် အခု၅၀ရှိသွားပြီဖြစ်သည်။ ထို့ကြောင့် စက်ရုံတစ်ခုလုံး ပေါင်းခံစက်များနှင့်သာ ပြည့်နေတော့၏။ အလုပ်ခန်း၏ လေးပုံတစ်ပုံခန့်နေရာကိုလည်း ထုတ်လုပ်ထွက်ရှိထားသော ဝိုင်စည်ပိုင်း ၃၀၀ ( ၃၀၀၀၀ ကတ်တီ ) ခန့်က နေရာယူထားလျက်ရှိသည်။ ဝိုင်စက်ရုံမှ နေ့စဉ်နှင့်အမျှ ဤပမာဏရှိသောဝိုင်ကို ထုတ်နိုင်နေပြီဖြစ်ရာ တနေ့ တနေ့ ဝင်ငွေသည် ငွေတုံး ၁၅၀၀၀ ခန့်ပမာဏရှိလေရာ စက်ရုံတည်ဆောက်ရသည့် ကုန်ကျစရိတ်မှာ နှစ်လအတွင်းတွင် ကာမိသွားလေတော့သည်။

အရာအားလုံးသည် သူ့ဟာနှင့်သူ အဆင်ပြေနေချေ၏။ လီယင်လည်း မြင်းစီးကာ စက်ရုံမှ ထွက်ခွာလာခဲ့သည်။ သူ စုမောအာနှင့် ပြောခဲ့ရသော အကြောင်းအရာများအပေါ်လည်း စိတ်ထိခိုက်လျက်ရှိသည်။ ခံစားရခက်သော်လည်း စုမောအာ ဤကဲ့သို့ လုပ်လိုက်သည်မှာ မမှားပေ။ အချစ်နယ်မကျွံမိခင် ခံစားချက်ကို ထိန်းနိုင်ဖို့ရာ လိုအပ်သည်မဟုတ်လား။

“ လောရှောင်ရီ… လောရှောင်ရီ… ”

သက်ပြင်းခပ်လေးလေးချမိသည်။ လီယင်တစ်ယောက် တစ်ခါမှ ဤလောက် စိတ်မပင်ပန်းဖူး‌ချေ။

လီချွန်းဆောင်ကြာမြိုင်၏ လေးထပ်မြောက်မိန်းကလေးအိပ်ဆောင်၌ လောရှောင်ရီတစ်ယောက် မှန်ထဲမှ သူ့ကိုယ်သူ မမှိတ်မသုန်စိုက်ကြည့်နေသည်။ လီယင်လက်ဆောင်ပေးထားသော ဤမှန်သည် တခြားမှန်များလို ဝါးဝါးကြီး မဖြစ်ပဲ သူ့မျက်နှာသူ အပြည့်အဝ ကြည်ကြည်လင်လင်မြင်ရသဖြင့် မိန်းကလေးတစ်ယောက်အဖို့ အလွန်ထူးခြား လိုချင်စဖွယ်ကောင်းလှပေသည်။ ၎င်းအပြင် ဤအတောအတွင်း လီယင်ပေးထားခဲ့သည့် ‘ မွှေးပွဝက်ဝံရုပ် ’ ဟူသည့် အရုပ်ကလေးများသည်လည်း သူမအိပ်ယာပေါ် နေရာအပြည့်ယူထားကြသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now