59

556 55 0
                                    

အခန်း၅၉။ ကျွန်စျေးကွက်

အနောက်ဈေးကြီးသည်လည်း အရှေ့ဈေးကြီးကဲ့သို့ပင် စည်ကားလှချေသည်။ ဈေးလမ်းတစ်လျှောက် ဝယ်သူများ၊ ဈေးသည်များနှင့် ပြည့်ကြပ်နေ၏။  အဆိုပါဈေးကြီး၏ အရှေ့တောင်ထောင့်အရပ်သို့ ရောက်သောအခါ ရထားလုံးလည်း ရပ်သွားချေပြီ။

ထိုနေရာတွင် ရှိနေသည်က ၃၅မီတာခန့်ရှည်လျားကျယ်ဝန်းသည့် ကွင်းပြင်ကြီးဖြစ်ကာ အဆိုပါကွင်းပြင်ထဲတွင် ပုံစံမသပ်မရပ်ရှိလှကာ ဒူးထောက်ထိုင်နေကြသော ကျွန်များဖြင့် ပြည့်လျက်ရှိပြီး အိမ်ထိန်းများဖြစ်ပုံရသည့် လူများကမူ ၎င်းကျွန်များကို တစ်ယောက်ချင်း ရွေးဝယ်နေကြလေသည်။
ဇိမ်ခံရထားလုံးပေါ်မှ ဆင်းလာကြသော လူရွယ်လေးဦးအား မြင်သောအခါ ကျွန်ကုန်သည်တစ်ဦးသည် အပြေးအလွှားရောက်လာပြီး -

“ သခင်လေးတို့၊ ဘာအလိုရှိကြပါသလဲ။ ကျွန်တော်မျိုးတို့ဆီမှာ ကာယလုပ်သားကျွန်၊ မိန်းကလေးအစေခံ လိုတာ အကုန်ရှိပါတယ်။ ပြီးတော့ အသစ်ရောက်လာတဲ့ အပျိုလေးတွေလည်း ရှိတယ်နော် ”

အပျိုလေးဟူသော စကားကို ညစ်ကျယ်ကျယ်ပုံစံဖြင့်ရယ်ကာ အဆိုပါ ကုန်သည်က ပြောလိုက်ရာ -

“ ဟ၊ ဟုတ်လား။ ပြပါဦး ဘယ်မှာတုန်း ”

လုပါးယန်တစ်ယောက်သည်လည်း ဟန်ပင်မဆောင်နိုင်ပဲ မျက်လုံးများအရောင်တောက်လာကာ မေးလိုက်သည်။

“ ဒီမှာပါ သခင်လေးတို့ ”

ထိုကုန်သည်က အတန်းလိုက် ဒူးထောက်ထိုင်လျက်ရှိသော အသက် ၁၂၊ ၁၃ အရွယ် မိန်းကလေး လေးဦးအား ညွှန်ပြလိုက်သည်။

“ သူတို့လေးယောက်က အသစ်ရောက်လာတာပါ။ ကျွန်တော်မျိုးတို့ဆီ ရှိသမျှထဲမှာတော့ အချောဆုံးတွေချည်းပါပဲ ”

အခြားကျွန်များနှင့် ယှဉ်လျှင် ထိုမိန်းကလေး လေးဦးမှာ လှပသပ်ရပ်စွာ ဝတ်ဆင်ထားလျက်ရှိပြီး သူတို့၏ မျက်နှာများမှာလည်း သန့်ရှင်းနေလေသည်။ ကျွန်ကုန်သည်များက သေချာပြင်ဆင်ပေးထားကြပုံ ရသည်။

“ သူတို့ကတော့ ငယ်လွန်းတယ် ”

လုပါးယန်ပင် အသိတရားရှိသေးသည်။ မဆိုးလှပေ။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now