39

685 63 0
                                    

အခန်း၃၉။ ရှန့်ထန်ကုန်သည်ကြီးများအသင်း(၂)

ဤတရားဝင်ကျွန်ဖြစ်ကြောင်းစာရွက်စာတမ်းနဲ့သာဆိုလျှင် စုမောအာသည် ယခုအချိန်ထိ အရှင့်သား၏ ကျွန်အဖြစ်သာရှိနေမည်ဖြစ်ကြောင်း၊ သို့သော်ငြားလည်း တစ်စုံတစ်ယောက်၏ သစ္စာရှိမှုကို အရှင့်သားက ငွေပေး၍ မဝယ်လိုကြောင်း၊ လူတွေ၏ စိတ်နှလုံးသားကို အပိုင်လိုချင်ပါက မည်မျှပင်တန်ဖိုးနည်းသောအရာဖြစ်စေကာမူ ငွေကြေးနှင့် တန်ဖိုးမဖြတ်သင့်ကြောင်း၊ ရက်ရောမှု၊ ဂရုဏာကြီးမားမှုကို ပြသမှသာလျှင် မိမိတို့၏ ‌ကောင်းသောဂုဏ်သတင်း မွှေးပျံ့မည်ဖြစ်ကြောင်း၊ ဤသည်ကား ငွေကြေးတပြားတချပ်မှ ကုန်ကျစရာမလိုပဲ လူတွေ၏ သစ္စာရှိမှုသာမက စိတ်နှလုံးသားကိုပါ အပိုင်သိမ်းပိုက်နိုင်မည့် သော့ချက်ဖြစ်ကြောင်း ကျင်းတချမ်က စုမောအာကို ဆက်လက်ပြောပြနေပါတော့သည်။

တစ်ဖက်မှာလည်း ချမ်ဟွိုက်လျန့်တို့သုံးဦးမှာ လီယင်ကို စိတ်မပျက်စေခဲ့ပါ။ နောက်တစ်နေ့ကူးသည်နှင့် သူတို့သုံးယောက်လုံး လီယင်နှင့် ပူးပေါင်းကြမည်ဖြစ်ကြောင်း သတင်းကောင်းများကို သယ်ဆောင်လာခဲ့ကြပါတော့သည်။

ကျန်ရှိသည့် အမြတ် ၄၉ ရာခိုင်နှုန်းကို ၎င်းတို့သုံးဦး မည်သို့ခွဲဝေယူကြမည်ကား လီယင်နှင့် မဆိုင်ပေ။‌ ပျံ့နှံ့နေသည့် ကောလဟာလစကားများအရတော့ သူတို့သုံးဦးသည် ထိုကိစ္စနှင့်ပတ်သက်၍ မူးယစ်သောက်စားပြီး ခိုက်ရန်ဖြစ်ပွားကြသဖြင့် တရားရုံးတော်အထိပါ ရောက်သွားကြကာ အရှင်မင်းကြီး လီရှစ်မင်ထံမှ ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ကြရသည် ဟူ၍ပင် ဖြစ်သည်။

လူတို့သည် ကြွယ်ဝချမ်းသာမှုကြောင့် သေရသည်။ ငှက်များသည် အစာကြောင့် သေရသည်။ သွေးထွက်အောင် မှန်သော စကားပင်တည်း။ လီယင်တစ်ယောက် ထိုင်ခုံပေါ်မှီထားရင်း သူ့ရှေ့တွင်ရောက်နေသည့် ဒဏ်ရာရထားသော နှာခေါင်းများ၊ ယောင်ကိုင်းနေသော မျက်နှာများဖြင့် လူသုံးယောက်အားကြည့်ကာ ထိုကဲ့သို့ တွေးမိပါတော့သည်။ 

ယခုအချိန်မှာတော့ သူတို့ကြား စည်းလုံးညီညွတ်ရေးလည်း ရသွားပြီးလေပြီ ဖြစ်သောကြောင့်  လီယင်သည်လည်း မင်းသားတစ်ပါးပင်ဖြစ်လင့်ကစား မာနမထားပဲ နှိမ့်ချစွာဖြင့် လုပ်ငန်းသဘောဆိုင်ရာ သဘောတူညီချက်စာရွက်စာတမ်းများကို စီးပွားဖက်မိသားစုဝင်များ၏အိမ်သို့  ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပေးအပ်လေသည်။ ချမ်ယောင်ကျင်း ( နောင်ကာလများတွင် ချမ်ကျစ်ကျဲဟု အမည်ပြန်ပြောင်းလိုက်သည်)၏ အိမ်တော်သို့ ရောက်သောအခါမှာတော့ ချမ်မိသားစု၏ ပြင်းထန်လှသော မိသားစုဆက်ဆံရေးအခြေအနေအကြောင်း မျက်မြင်တွေ့ကြုံလိုက်ရလေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now