76

422 36 0
                                    

အခန်း ၇၆။ မြွေမြွေချင်းခြေမြင်

ရှောင်လွေ့သယ်ဆောင်လာသော သတင်းကို ကြားပြီးနောက် လီယင်သည် ရင်တထိတ်ထိတ်ဖြစ်နေစဉ် နေ့လည်ပိုင်းရောက်သောအခါ ကြင်ယာတော်ယန်က ဆင့်ခေါ်လိုက်သဖြင့် သတင်းမှားဖြစ်ပါစေ ဟူသော လီယင်၏ နောက်ဆုံးမျှော်လင့်ချက်လေး ပျက်စီးသွားလေတော့သည်။

“ သားတော် လက်မထပ်လို့ မရဘူးလား မယ်တော် ”

ပျော်ရွှင်နေသော ကြင်ယာတော်ယန်အား လီယင် မဝံ့မရဲမေးလိုက်သည်။

“ မရဘူး ”

ကြင်ယာတော်ယန်က ဆုံးဖြတ်ချက်မပြင်နိုင်သည့်ဟန်ဖြင့် မာမာထန်ထန် ဖြေ၏။

ထိုအခါ လီယင်လည်း စိတ်မောလူမောဖြစ်လာကာ -

“ မယ်တော်၊ စွေ့ယင်းယင်းဆိုတဲ့ မိန်းကလေးက အရမ်းအာဏာပြပြီး ဆိုးရွားတယ်ဆိုတာ မသိဘူးလားဗျာ ” ဟု ပြောလိုက်သည့်အခါ ကြင်ယာတော်ယန်က -

“ လွှမ်းမိုးချယ်လှယ်တတ်တဲ့ မိန်းကလေးမျိုးဖြစ်နေရင်တောင် သားတော် လက်ထပ်ရမယ် ” ဟု ပြော၏။ သူမပုံစံမှာ အနည်းငယ် စိတ်ပျက်နေပုံရသည်။

“ သားတော် မကြိုက်ရင်လည်း လက်ထပ်ပြီးသွားလို့ အိမ်ပြန်ကြတဲ့အခါမှ ကိုယ့်ဘာသာနေလို့ရတာပဲ။ တိုတိုပဲ ပြောမယ်။ ဒီမင်္ဂလာပွဲဟာ အကုန်လုံး သဘောတူစီစဉ်ထားပြီးသား။ နေရာကျထားပြီးသား။ ကန့်ကွက်စရာ ဖျက်သိမ်းစရာအကြောင်း တစ်ခုမှ မရှိဘူး ” ဟု ကြင်ယာတော်ယန်က ခပ်ပြတ်ပြတ်ပြောလိုက်၏။

“ နိုင်ငံရေး‌အတွက် လုပ်ရတဲ့ လက်ထပ်ပွဲကြီးပါပဲလား ” ဟု လီယင်ကလည်း မကျေမနပ် ရေရွတ်လိုက်တော့သည်။

ထိုအခါ ကြင်ယာတော်ယန်ကလည်း လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး -

“ အမှန်ပဲ။ နိုင်ငံရေးအတွက် လုပ်ရတဲ့ လက်ထပ်ပွဲပဲ။ လွှတ်တော်တစ်ခုလုံးကို ကြည့်လိုက်စမ်းပါ သားတော်။ နိုင်ငံရေးအတွက် လက်ထပ်ထားတာ မဟုတ်တဲ့သူ ဘယ်နှယောက်လောက်ရှိလို့လဲ။ သားတော်လည်း ငယ်တော့တာမဟုတ်ဘူး။ အနာဂတ်အတွက် အခြေခိုင်အောင်လုပ်ရတော့မယ်လေ။ အဲ့အတွက် အခု သားတော်မှာ အုတ်မြစ်ခိုင်ခိုင်မာမာရှိတဲ့ စွေ့မျိုးနွယ်ကို နောက်ခံအထောက်အပံ့အနေနဲ့ ရတော့မှာလေ။ သားတော်ကို ဘယ်သူမှ လွယ်လွယ်လာထိရဲမှာတော့ မဟုတ်ဘူး ” ဟု ဆက်ပြောလိုက်ချေ၏။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now