109

326 26 0
                                    

အခန်း၁၀၉။ သတင်းစာလည်ပတ်ပုံမှတ်တမ်း။

လီရှစ်မင်ကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။ လီယင်လည်း သတင်းစာကို ပုံနှိပ်စက်ရုံဆီ ပြန်ယူသွားကာ အလားတူသတင်းစာ များများပုံနှိပ်ထုတ်လုပ်ရန် ညွှန်ကြားလိုက်လေတော့သည်။ သို့သော် စက်ရုံ၏လက်ရှိလုပ်အားနှင့်ဆိုလျှင် တစ်ရက်ကို တစ်စောင်ထုတ်ဝေရန်မှာ မဖြစ်နိုင်သေး။ သုံးရက်တစ်ခါ ထုတ်ဝေရန်သာ ရည်ရွယ်ထားလေသည်။

ဤသို့ဖြင့် နောက်တစ်နေ့ရောက်သောအခါ ထန်နိုင်ငံတော်၏ ပထမဆုံးသတင်းစာများကို ထုတ်ဝေပြီဖြစ်သည်။ စာပို့သမားများသည် ကျောပေါ်တွင် သတင်းစာများကိုသယ်ပိုးကာ မြင်းအသီးသီးဖြင့် စတင်ထွက်ခွာကြလေ၏။ ထိုက်ကျိနန်းတော်မှ အရုဏ်တက်ခေါင်းလောင်းထိုးသောအခါ အနီးအနားလှည့်ပတ်သွားလာကြကာ အရာရှိအိမ်တော်တွေ့သည်နှင့် သတင်းစာများကို အိမ်တော်တွင်းသို့ ပစ်ပေးလိုက်ကြ၏။

“ ဟ … ဒါကဘာကြီးတုန်း ”

အိမ်တော်မှ အစေခံ‌ဖြစ်ပုံရသော ယောက်ျားတစ်ယောက်သည် တံခါးဖွင့်၍ အိမ်ရှေ့ထွက်လာချိန် မြေပေါ်မှ သတင်းစာကို မြင်ကာ အံ့ဩသွား၏။ ကောက်ကိုင်ပြီး ဟိုကြည့် ဒီကြည့် ကြည့်လိုက်သေးသည်။ သို့သော် စာမတတ်သဖြင့် နားမလည်ပေ။ ထို့ကြောင့် -

“ ဘာကြီးပဲဖြစ်ဖြစ် အသုံးချစရာနေရာတွေ့ပြီ ” ဟုဆိုကာ ဟူပမ်းမုန့်ဆိုင်တန်းဆီသို့ ထွက်သွားလိုက်လေ၏။ ထိုခေတ်တွင် ဟူပမ်းမုန့်သည် ပြည်သူများကြား နာမည်ကြီးသော အစားအစာတစ်ခုပင်ဖြစ်လေသည်။ ၎င်းမှာ ခေါက်ဆွဲကြော်နှင့်ဆင်တူသော်လည်း ပို၍ကြွပ်ရွကာ အရသာရှိလှသည်။

“ ရော့ … မင်းရဲ့ ပန်ကိတ်တွေရပြီ ”

ဈေးသည်က ပန်ကိတ်ပူပူ လေးခုကို သူ့ဆီကမ်းပေးလိုက်သဖြင့် သူလည်း ၎င်းတို့ကို သတင်းစာဖြင့်ထုပ်ကာ စံအိမ်တော်ဆီ ပြန်ပြေးသွားချေ၏။

“ ရော့ … အိမ်ထိန်းလျို့၊ ခင်ဗျားမှာတဲ့ ပန်ကိတ်တွေရပြီ ”

စံအိမ်ထဲသို့ရောက်သောအခါ အဆိုပါအစေခံသည် ပန်ကိတ်များကိုထုတ်လိုက်ပြီး ‌ဗိုက်ပူပူနှင့်လူကို ပေးလိုက်လေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now