42

642 65 0
                                    

အခန်း၄၂။လေလံအိမ်ကို ဝယ်ယူခြင်း။

ဝေ့ယုံဟွေလူကြီးမင်း၏ အကြံပေးချက်အတိုင်း ၎င်းနေထိုင်ရာ ရှန်းရှန်အိမ်ရာမှာပဲ အရောင်းအဝယ်လုပ်ရန် ချိန်းဆိုလိုက်ပြီး ထိုသို့ရောက်သောအခါ သူဝယ်ယူမည့် ဟောင်ယွီ လေလံပြပွဲအိမ်၏ ပိုင်ရှင်ဖြစ်သူ ယန်ကျန့်တောင်နှင့် အသက် ၂၄နှစ်ခန့်ရှိပြီဖြစ်သော ၎င်း၏သမီး ယန်စုရှင်းတို့ကို တွေ့လိုက်ရသည်။

“ ဒီလူလေးဟာ ကျုပ်ပြောထားတဲ့ လီယင် ဆိုတဲ့ကောင်လေးပဲ။ ” ဟု ဝေ့ယုံဟွေက လီယင်နှင့် ယန်ကျန့်တောင်တို့ကို မိတ်ဆက်ပေးလိုက်သည်။

ယန်ကျန့်တောင်မှာတော့ စီးပွားရေးအခြေအနေများကြောင့် သူပိုင်ဆိုင်ရာ လေလံအိမ်ကို ရောင်းချရတော့မည်ဖြစ်၍ အနည်းငယ် စိတ်ဓာတ်ကျနေပုံပေါ်သည်။ ဤလေလံအိမ်လေးသည် သူ့ဖခင်ပေးခဲ့သော မိသားစုအမွေဖြစ်ပြီး ဖခင်လက်ထက်ကတည်းက အောင်မြင်စွာရပ်တည်လာခဲ့ရာ နှစ်ပေါင်း ၅၀အကြာတွင်တော့ သူ၏ ပေါ့လျော့မှုများကြောင့် ရောင်းချရုံကလွဲပြီး ကျန်တာမတတ်နိုင်တော့သည့် အခြေအနေသို့ ရောက်သွားသဖြင့် စိတ်ဓာတ်ကျ၊ စိတ်ဆင်းရဲနေရှာသော ယန်ကျန့်တောင်ကို မည်သူမဆို ကိုယ်ချင်းစာနိုင်ပေလိမ့်မည်။

ဤကဲ့သို့ လေးလံထိုင်းမှိုင်းနေသော ယန်ကျန့်တောင်နှင့်မတူပဲ ထူးထူးခြားခြား တည်ငြိမ်လျက်ရှိနေသည့် သမီးဖြစ်သူ ယန်စုရှင်းဆီမှ စကားသံထွက်လာသည်။

“ လူကြီးမင်း လီ က ဒီလောက်ငယ်မယ်လို့ ကျွန်မ မထင်ထားမိဘူး။ ” ဟု လီယင်ကို ကြည့်ကာ သူ့အကြောင်းကို အနည်းငယ် စိတ်ဝင်စားဟန်ဖြင့် ပြောလိုက်လေသည်။

လီယင်က ပြုံးလိုက်ကာ -
“ ကျွန်တော်က ငယ်တယ်လို့ ထင်ရရုံသပ်သပ်ပါ။ တကယ်တော့ ကျွန်တော်ဟာ မိန်းကလေးနဲ့ အသက်အရွယ် အတူတူလောက်ပါပဲဗျာ။ အခုလို ငယ်ရွယ်ပေမယ့် စီးပွားရေးလောကထဲ ရောက်နေရတာလည်း တခြားကြောင့်တော့မဟုတ်ဘူး။ ကျွန်တော့်မိသားစုရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ထုံးစံတွေကိုက အဲ့လိုဖြစ်နေတာဗျ။ အနှေးနဲ့အမြန် အောင်မြင်ကျော်ကြားတဲ့သူ ဖြစ်အောင် လုပ်ရင်လုပ်၊ မဟုတ်ရင် အတတ်နိုင်ဆုံး မြန်မြန် ‌ချမ်းသာအောင်လုပ်ရတော့တာပဲ။ ” ဟု လီယင်က ရှင်းပြလိုက်လေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now