144

200 20 0
                                    

အခန်း၁၄၄။ ညီအစ်ကို(၁)

“ မယ်တော် ကြင်ယာတော်ယန် ”

လီယင် ထရပ်လိုက်ကာ နှုတ်ဆက်လိုက်သောအခါ ကြင်ယာတော်ယန်၏ ဖျော့တော့သော မျက်နှာအား မြင်လိုက်ရ‌သည်။

“ သားတော် မယ်တော့်ကို စိတ်ပူအောင် လုပ်မိပြန်ပြီ ”

ကြင်ယာတော်ယန်ကတော့ ခါတိုင်းလိုပဲ ငြင်သာသောလေသံဖြင့် -

“ သားတော်တို့ ဘာပြောနေကြတာလဲ။ ယီကျိုးကို သွားမလို့ ဟုတ်လား.. ” ဟု မေးသည်။

“ ဟုတ်ကဲ့ မယ်တော်။ မနက်ဖြန်မနက်မှာ ဖခမည်းတော်က သားတော်ကို ယီကျိုးကိုသွားဖို့ အမိန့်‌ချလိုက်ပါတယ် ”

ထိုအခါ ကြင်ယာတော်ယန်လည်း ခေါင်းညိတ်လိုက်ကာ -

“ ကောင်းတယ် သားတော်။ ဒီလိုနန်းတော်ကနေ ဝေးဝေးနေတာ အကောင်းဆုံးပဲ။ သားတော်ဘာသာ အဲ့ဒီမှာ အေးအေးဆေးဆေးနေနေပါ။ အရှင်မင်းကြီးက သားတော်ကို ကာကွယ်ပေးနေတာပါ ” ဟု ပြောလိုက်သည်။

“ သားတော် နားလည်ပါတယ် မယ်တော်။ သားတော် ဖခမည်းတော်နဲ့ စကားပြောပြီးပါပြီ ” ဟု လီယင်က ဆိုရင်း ကြင်ယာတော်ယန် ထိုင်နိုင်ရန် ကူညီပေးလိုက်လေသည်။

ကြင်ယာတော်ယန်လည်း လီယင်၏မျက်နှာကို ကြည့်လိုက်ကာ -

“ ဒီလိုမှပဲ မယ်တော်လည်း သားတော်ကို စိတ်ချနိုင်မှာပဲ။ အဲ့ဒီ့နေရာမှာနေရတာက ဒီချမ်အန်းမှာနေရတာထက်တော့ ပိုပြီး ခက်ခဲပင်ပန်းမှာဆိုပေမယ့်လည်း ဒီမှာနေပြီး စိတ်ပူနေရမှာထက်စာရင်တော့ တော်ပါသေးတယ် ” ဟု ပြောရှာသည်။

“ သားတော် အရိုအသေကင်းမဲ့တာတော့ မဟုတ်ပေမယ့် ရှေ့လျှောက်မှာ မယ်တော့်ကို မကြာမကြာလာတွေ့နိုင်တော့မှာတော့ မဟုတ်တော့ဘူး မယ်တော် … ”

ထိုသို့ပြောနေရင်း လီယင်တစ်ယောက် ရင်ထဲဆို့နင့်လာသည်။ ဤမိသားစုထံမှ ရသော နွေးထွေးမှုများကို သူအသားကျနေပြီဖြစ်ရာ ယခုတော့ မခွဲချင်ပဲ ခွဲရပေဦးမည်။

လီယင်ထိုကဲ့သို့ပြောသောအါ ကြင်ယာတော်ယန်သည် မျက်ရည်များပင် ဝဲလာ၏။ ဤကမ္ဘာပေါ်တွင် သူ့မှာအားကိုးစရာဆိုလို့ ဤသားလေးနှစ်ယောက်သာ ရှိသည်မဟုတ်လား။ ထို့ကြောင့် လီယင်နှင့်မခွဲနိုင်သော်လည်း ယခုအချိန်တွင်တော့ ဤနည်းလမ်းသည်သာ အကောင်းဆုံးဖြစ်ရာ သူမကိုယ်သူမ အဆင်ပြေသလိုသာ ဟန်ဆောင်ရင်း -

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now