106

349 22 0
                                    

အခန်း၁၀၆။ သမိုင်းဝင်လိပ်ပြာလေး

ဤသို့ဖြင့် နေ့လည်ဘက်ရောက်သောအခါ လီယင်လည်း သူ့မှာရှိသလောက်နာရီအရေအတွက်ကို ပြန်မှတ်၍ လက်ဆောင်ပေးရမည့် လူစာရင်းအား အရှင်မင်းကြီးလီရှစ်မင်ထံမှ သွားတောင်းလိုက်သည်။ စုစုပေါင်း လူ တစ်ရာခန့်ရှိပေသည်။ ၎င်းတို့မှာ လွှတ်တော်တက်ရသူများဖြစ်ကြပြီး အများစုသည် စစ်သည်တော်အဖွဲ့ဝင်များ ဖြစ်ကြလေ၏။ စစ်သူကြီး လီကျင့်၊ ယွီချီကုန်း၊ ဟိုကျွင်းကျီနှင့် ချမ်ဟွိုက်လျန့်၏ ဖခင် ချမ်ကျစ်ကျဲ့တို့ပါ အပါအဝင်ဖြစ်ကြလေသည်။

လီယင်လည်း ထိုစာရင်းကို ယူပြီးသောအခါ ကျိုက်ယွင်နန်းဆောင်သို့ ထွက်လာခဲ့လိုက်သည်။ မိမိ စိတ်ရင်းနှင့် ကတိပေးခဲ့သော ချမ်ဟွိုက်လျန့်၏ ကိစ္စကို တာဝန်ယူရပေဦးမည်။ ထို့အပြင် လီယင်တစ်ယောက်တည်း၏အားဖြင့် ဤလက်ထပ်ပွဲကြီး အထမြောက်ခဲ့လျှင် ချမ်တစ်မိသားစုလုံးသည် လီယင့်၏ ကျောထောက်နောက်ခံကောင်းဖြစ်လာပေဦးမည်။

ဤသို့ဖြင့် ကျိုက်ယွင်နန်းဆောက်သို့ ရောက်သောအခါ လီယင်နှင့် ကြင်ယာတောယန်တို့သည်လည်း ထိုအကြောင်းကို ထိုင်ပြောဖြစ်ကြလေ၏။ ကြင်ယာတော်ယန်ကတော့ မျက်မှောင်ကြုတ်လိုက်ကာ -

“ သမီးတော်ချင်းဟယ်ရဲ့မွေးမိခင်က ငယ်ငယ်ကလေးတည်းက တိမ်းပါးသွားခဲ့လို့ ချင်းဟယ်လေး ကလေးဘဝကတည်းကနေ အခုထိ မယ်တော့်ဘေးမှာထားပြီး စောင့်ရှောက်လာခဲ့ရတာ။ တဖအေတည်းကမွေးထားတဲ့ သားတော်ရဲ့ ညီမတော်လေးလည်း ဖြစ်တယ်။ ဒါကြောင့်မို့ အကောင်းဆုံးတွေကိုပဲ ဖြစ်စေချင်တာပေါ့။ အရှင်မင်းကြီးကတော့ ဒီလက်ထပ်ပွဲကို အရင်းပြုပြီး တော်ဝင်မျိုးနွယ်ရဲ့ အင်အားကို ပိုတောင့်တင်းစေချင်တယ်။  ထန်နိုင်ငံတော်ကြီးရဲ့ အကျိုးအတွက်ရောပေါ့။ မယ်တော့်မှာတော့ တခြားအထွေအထူးပြောစရာမရှိပါဘူး။ သမီးတော်ချင်းဟယ်လေး သစ္စာရှိပြီး ရိုးသားဖြောင့်မတ်တဲ့ ကြင်ယာဘက်ရဖို့ပဲ မျှော်လင့်တာပါ။ ဟွိုက်လျန့်ဟာ လူကောင်းလေးတစ်ယောက်ဆိုတာကို မယ်တော်သိပါတယ်။ သမီးတော် ချင်းဟယ်ကလည်း သူ့အကြောင်း ခဏခဏပြောဖူးတယ်။ ချမ်ဟွိုက်လျန့်ကလည်း သမီးတော်လေးအပေါ် စိတ်ဝင်စားပုံရတယ်။ အဲ့ဒီ့အကြောင်းကို ဧကရီဘုရင်မကြီးနဲ့တောင် ပြောဖြစ်သေးတယ်။ ဧကရီကလည်း အစကတော့ ဟွိုက်လျန့်နဲ့ သဘောတူပါသေးတယ် … ဒါပေမယ့် … ” ဟု စကားကို ရပ်လိုက်၏။ ထိုအခါ လီယင်လည်း စိတ်မတင်မကျဖြစ်လာကာ -

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now