32

747 76 0
                                    

အခန်း၃၂။ ပွဲစတင်ပြီ

တစ်ပတ်ခန့်ပြင်ဆင်ပြီးသွားသောအခါ တရုတ်ဇီးသီးပွင့်ဝိုင်ကို အကြောင်းပြုကာ ဖြစ်ပေါ်လာသည့် ပြိုင်ဆိုင်မှု ပြင်းထန်လှသော ကဗျာရွတ်ပြိုင်ပွဲကြီးကို ချွီကျန်းကန်နံဘေး၌ မျှော်မှန်းထားသည့်အတိုင်း ကျင်းပလေတော့သည်။

ချွီကျန်းကမ်းပါးတစ်လျှောက်တွင် တလေးတစား အလေးအနက်ထားကာ ပညာတတ်ပုဂ္ဂိုလ်များ၊ စာရေးသူများဖြင့် စည်ကားပြည့်ကြပ်သွားတော့သည်။ လီယင်၏ အဓိက ရည်ရွယ်ချက်မှာ ဝိုင်ကို လူသိများအောင်လုပ်ရန်ဖြစ်လေရာ ပွဲစင်မြင့်ပေါ်၌ ‘ တရုတ်ဇီးသီးပွင့်ဝိုင်လုပ်ငန်းမှ မူပိုင် ကူညီ‌ထောက်ပံ့ပေးသည် ’ ဟု ရေးထားသော အလျား ငါးမီတာ၊ အနံ တစ်မီတာခန့် ရှိသည့် ဆိုင်းဘုတ်တစ်ခု ထောင်ထားလိုက်သဖြင့် လူတော်တော်များများ သတိထားမိသွားလေသည်။


စင်၏တခြားဖက်ခြမ်းတွင်တော့ အစောရောက်နှင့်နေပြီးသော ချမ်ဟွိုက်လျန့်သည် စင်ပေါ်၌ တစ်ဒါဇင်ကျော်သော စားပွဲများကို အလုပ်သမားများအား စီခိုင်းထားပြီး စားပွဲပေါ်တွင်မူ လှပလှသော အဖြူရောင်ကြွေအိုးများကို တင်ထားလေသည်။ ဖြတ်သွားဖြတ်လာတိုင်းသည် အဆိုပါကြွေအိုးများကိုရော ချမ်ဟွိုက်လျန့်၏ နောက်တွင် ထားထားသည့် စည်ပိုင်း ငါးလုံးကိုပါ ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်။ အဆိုပါစည်ပိုင်းထဲမှ ဝိုင်များကို ယနေ့လာရောက်သောသူများအား အမြည်းတိုက်ကျွေးရန်အတွက် လီယင်မှ ယူဆောင်ခိုင်းစေခဲ့ခြင်း ဖြစ်လေသည်။

“ အရှင့်သား ….. အရှင့်သား ….. ကျွန်တော်မျိုး မဟန်တော့ဘူး။ တရေးလောက်အိပ်မှ ရပါတော့မယ် အရှင့်သားရေ။ ”

ဒယိမ်းဒယိုင်ခြေလှမ်း၊ နီမြန်းသောမျက်နှာနှင့် အာလေးလျှာလေးဖြစ်နေသော လုပါးယန်ကား စံအိမ်တော်မှ ဝိုင်တစ်အိုးကို ခိုးသောက်ခဲ့ရာ မူးနေချေပြီ။ လုပါးယန်မှာ ဤဝိုင်ကို ခါတိုင်းသောက်နေကျဝိုင်များကဲ့သို့ပင် ထင်မှတ်၍ မမူးလောက်ပါဘူး ဟု တွေးကာ ခိုးသောက်ခဲ့ခြင်းဖြစ်လေရာ ယခုတော့ ချာချာလည်နေချေပြီ။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now