95

378 29 0
                                    

အခန်း၉၅။ အိမ်ရှေ့မင်းသား

“ အရှင့်သား… ကျွန်တော်မျိုး တွေ့ရသလောက်ကတော့ မင်းသားလျန့်က အရည်အချင်းရှိသူတွေကို စုဆောင်းဖို့ ကြံစည်နေတာ မဟုတ်လောက်ပါဘူး။ သူ့ရဲ့ ရှန့်ထန်သတင်းစာလုပ်ငန်းအတွက်ပဲ တကယ်ရည်ရွယ်ပြီး လုပ်သားစုဆောင်းပုံ ရပါတယ်။ အရှင့်သား… စိတ်ပူတော်မမူပါနဲ့တော့ ” ဟု ရှန့်ကွမ်ရီက လီချမ့်ချန်အား လျှောက်တင်လိုက်၏။

လီချမ်ချန့်ကတော့ တူရကီနိုင်ငံထုတ် ဦးထုပ်ကို ဆော့ကစားနေ၏။ ရှန့်ကွမ်ရီ၏ စကားကို တုံ့ပြန်ခြင်းမပြုပဲ လီချမ်ချန့်က ၎င်းဦးထုပ်ကို ဆောင်းလိုက်ပြီး ရှန့်ကွမ်ရီကို ပြုံးလျက် မေးလိုက်သည်။

“ ရှန့်ကွမ်ဆရာကြီး၊ ကိုယ်တော့်ကို ကြည့်ရတာ တူရကီလူမျိုးနဲ့ တူမသွားဘူးလား ”

ရှန့်ကွမ်ရီ၏ မျက်နှာသည် မသိမသာပျက်သွားကာ -

“ အရှင့်သား၊ နိုင်ငံတော်ရဲ့ အိမ်ရှေ့စံမင်းသားတစ်ပါးအနေနဲ့ ဂုဏ်သရေရှိရှိသာ ပြုမူနေထိုင်သင့်ပါတယ်။ ဒီလိုစကားမျိုးကို နောက်ပြောင်တဲ့အနေနဲ့တောင် မပြောသင့်ပါဘူး။ ဒီစကားသာ အရှင်မင်းကြီးရဲ့ နားကို ပေါက်ကြားသွားရင် အရှင်မင်းကြီး အင်မတန် အမျက်တော်ရှပါလိမ့်မယ် ” ဟု ပြောလိုက်ရာ -

“ ဟောဗျာ … ပျင်းစရာကောင်းလိုက်တာ။ ဒါကို ဟောဒီ့က တုဟယ်ကလွဲရင် ဘယ်သူသိမှာမို့လို့လဲ ” ဟု စိတ်မသက်မသာစွာ ပြောလေ၏။

လီချမ်ချန့်၏ အနားတွင်ရပ်နေသူ လူရွယ်က တုဟယ်ပင်တည်း။ ၎င်းမှာ တုရူဟွေ့၏သားဖြစ်ပြီး ဖန့်ရွှယ်လင်ဟု လူသိများလေသည်။ ကျန်းကွမ်အုပ်ချုပ်မှုလက်အောက် လေးနှစ်မြောက်တွင် အဆိုပါ တုရူဟွေ့မှာ နာမကျန်းဖြစ်ကာ တိမ်းပါးသွားခဲ့၏။ ၎င်းမသေဆုံးမီ လီရှစ်မင်က တုရူဟွေ့ကို ဖြေသိမ့်ပေးနိုင်ရန်အတွက် ၎င်း၏သားနှင့် မင်းသမီးတော် ချမ်ယန်ကို ထိမ်းမြားပေးပါမည်ဟု ကတိစကားခံခဲ့သည်။ အဆိုပါ ကတိအတိုင်းပင် ဒုတိယသားဖြစ်သူ တုဟယ်အား မင်းသမီးတော် နှင့် လက်ဆက်ပေးခဲ့ပြီး ရှန့်ယန်မြို့စားရာထူးကို ပေးအပ်ခဲ့သည်။ အကြီးဆုံးသားဖြစ်သူ တုကုံးကိုတော့ လိုင်မြို့စားရာထူးအား ပေးအပ်ခဲ့၏။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now