43

654 65 0
                                    

အခန်း၄၃။  လေလံပွဲ

လေလံအိမ်ကိစ္စ အဆင်ပြေပြေ ပြီးဆုံးသွားပြီမို့ လီယင်လည်း စိတ်ပူပန်စရာများကို သက်ပြင်းရှည်တစ်ချက်နှင့်အတူ မှုတ်ထုတ်လိုက်နိုင်ချေပြီ။ ကိုယ်တိုင်ဦးစီးစရာမလိုတော့သည့်အတွက် ကြုံလာနိုင်သည့် ကိုယ်ရေးကိုယ်တာကိစ္စများနှင့် ပတ်သက်ပြီးတော့လည်း စိတ်ပူစရာမလိုတော့ပေ။

ဤကဲ့သို့ဖြင့် အရောင်းအဝယ်ကိစ္စအောင်မြင်သွားပြီးနောက် လီယင်လည်း ယန်ကျန့်တောင်တို့ သားအဖနှင့်အတူ လေလံအိမ်ရှိရာသို့ လိုက်လာခဲ့သည်။ အလုပ်သမားများမရှိတော့သည်ကလွဲ၍ အရာအားလုံးများ ယခင်အတိုင်းပင် ရှိနေလေသည်။ အားလုံးအဆင်သင့်ဖြစ်သွားသည့်နောက်မှာတော့ ဟောင်ယွီ လေလံအိမ်ဟူသည့် နာမည်မှ တထန် လေလံအိမ်ဟု အမည်ပြောင်းလဲကာ  လုပ်ငန်းများ ပြန်လည် လည်ပတ်စပြုလာတော့သည်။

တထန်လေလံအိမ်သည် ရှန်ဟိုင်းမြို့ ပဉ္စမမြောက်အဝိုင်းပတ်လမ်း( Fifth Ring Road )ရှိ တိုက်အဟောင်းများဝန်းရံလျက်ရှိသော နေရာ၌ တည်ရှိလေသည်။ အိမ်ဘေးပတ်ဝန်းကျင်သည်ကား စနစ်တကျဖြင့် လှပသေသပ်လှသည်။ ကြမ်းပြင်မှ မျက်နှာကျက်အထိ အပြည့်ဖောက်ထားသော ပြတင်းပေါက်များမှတဆင့် လမ်းပေါ်တွင် သွားလာလှုပ်ရှားနေသော လူများကို ရုံးခန်းအတွင်း၌ ထိုင်နေလျက်ကပင် မြင်တွေ့နေရသည်။

ဤကုမ္ပဏီတွင် ရာထူးကြီးသည့်လူတစ်ယောက် ဖြစ်သည့်အလျောက် မိမိကိုယ်တိုင် လုပ်စရာအလုပ်မရှိသည့်အတွက် ယခုလို စိတ်အေးလက်အေးနေနိုင်နေသည့်အပေါ်မှာလည်း လီယင်တစ်ယောက် စိတ်ကျေနပ်ဝမ်းမြောက်နေလေ‌တော့သည်။

ထို့နောက် ကုန်ထုတ်လုပ်သူများထံ ပုံနှိပ်စက်များအကြောင်းနှင့် စက္ကူထုတ်စက်များအကြောင်း ဖုန်းဆက်၍ စုံစမ်းရာ လီယင်ရလိုက်သည့် အဖြေကတော့ ရက်အနည်းငယ် ထပ်စောင့်ရန်ဆိုသည့် အဖြေပင် ဖြစ်တော့သည်။ အလျင်အမြန်ဆောင်ရွက်ပေးလိုသည့်စိတ် ရှိကြဟန်မတူပေ။

လေလံအိမ်သည် အခုနှစ်ရက်အတွင်း အလွန်ပင်စည်ကားအလုပ်ရှုပ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် လီယင်သည် လက်စွပ်ထဲတွင်ဝှက်၍ ယူဆောင်လာသော ရှေးဟောင်းပစ္စည်းအချို့ကို ထုတ်ကာ ယန်လူကြီးမင်းတို့ သားအဖကိုပေးအပ်လိုက်သောကြောင့် လေလံပြပွဲလုပ်ကာ စည်ကားနေခြင်းပင် ဖြစ်တော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now