26

820 92 5
                                    

အခန်း၂၆။ ရေမွှေး

ဝမ်အန်ကျစ်ကို လီယင်က ကျင်းတချမ်မှတဆင့် ခေါ်ခိုင်းလိုက်ခြင်းပင် ဖြစ်လေသည်။ အရက်ကို ‌သောက်စရာအနေနှင့်တင်မဟုတ်ပဲ အခြားသောအသုံးချပုံအမျိုးမျိုးရှိလေရာ ထိုအထဲမှ ရေမွှေးလုပ်ခြင်းပညာကို လီယင်‌ ကောင်းကောင်းသိလေသည်။

ရေမွှေးပြုလုပ်ရာတွင် အရက်သာမက အမွှေးနံ့သာများလည်း လိုအပ်လေရာ အမွှေးနံ့သာရောင်းဝယ်သော ကုန်သည်များထဲမှ ချမ်အန်းမြို့တွင် လူသိများသော ဝမ်အန်ကျစ်ကို လီယင်က ခေါ်ခိုင်းလိုက်ခြင်းဖြစ်သည်။ ဝမ်အန်ကျစ်သည် ခေါင်းလျှော်ရည်လုပ်ငန်း လုပ်ကိုင်ရကတည်းက လီယင်၏ယုံကြည်မှုကို ရခဲ့ပြီးဖြစ်လေသည်။

လီယင့်ထံမှ ခေါင်းလျှော်ရည်ကို ကြေးပြား ၂၅၀ နှင့် ဝယ်ယူပြီး အပြင်ဈေးကွက်တွင် ကြေးပြား ၃၀၀ နှင့် ပြန်ရောင်းသောကြောင့် ထိုစဉ်က ဝမ်အန်ကျစ်မှာ အမြတ်အစွန်းများများရကာ ပျော်ရွှင်စိတ်လှုပ်ရှားပြီး အိပ်လို့ပင်မပျော်ချေ။ ယခုလည်း ကျင်းတချမ်မှ လီယင်ကခေါ်ခိုင်းလိုက်ကြောင်း ကြားသည်နှင့် မနက်စာပင် မစားပဲ သုတ်ချေတင်ကာ ထွက်ခဲ့ခြင်းဖြစ်လေသည်။ တစ်ခြားသူကို စိတ်ဆိုးအောင် လုပ်မိက ကိစ္စမရှိသော်လည်း ချမ်းသာခြင်း၏နတ်ဘုရား လီယင်ကိုတော့ စိတ်ဆိုးအောင် မလုပ်ရဲ။

“ ကျွန်တော်မျိုး ဝမ်အန်ကျစ်က အရှင့်သားလီယင်ကို လာရောက်တွေ့ဆုံပါတယ်။ ”

ဝမ်အန်ကျစ်က လီယင်ကို တွေ့တွေ့ချင်းပင် ဦးညွှတ်ကာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူကပင် ဆက်၍ မေးလိုက်သည်။

“ ကျွန်တော်မျိုးကို အဘယ်ကြောင့် တွေ့ဆုံဖို့ ခေါ်လိုက်တာပါလဲ၊ အရှင့်သား။ ”

“ ကိစ္စအထွေအထူးတော့ မရှိပါဘူး။ ထိုင်ပါဦး။ ”

လီယင်သည် လွတ်လွတ်လပ်လပ်ပင် ထိုင်ချလိုက်သည်။ လောကတွင် လူတို့သည် အာဏာနှင့် အကျိုးအမြတ်အတွက် အဘယ်ကြောင့် အသေ‌အကြေတိုက်ခိုက်ကြမှန်း လီယင် တဖြည်းဖြည်းနားလည်လာသည်။ ရိုသေလေးစားခံရသော ခံစားချက်မှာ အလွန်ကောင်းပြီး မူးယစ်ဆေးကဲ့သို့ စွဲလွယ်‌ပေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now