13

918 104 1
                                    

လီယင်
အပိုင်း၁၃။ အကျိုးသက်ရောက်မှုများ

“ သားတော်က မယ်တော်နဲ့ ကြင်ယာတော်များကို လာရောက်တွေ့ဆုံပါတယ် ”

ကျိုက်ယွင်လေသာဆောင်၏ အချက်အချာကျသောနေရာ၌ ထိုင်နေသော ဖီးနစ်ငှက်သဏ္ဌာန်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လှပကျက်ပြီး သရေရှိလှသော အမျိုးသမီးတစ်ဦးကို လီယင်မှ ဦးညွှတ်ကာ ဂါရဝပြုလိုက်သည်။

ရာထူးအကြီးဆုံး ဧကရီဘုရင်မကိုယ်တိုင် ကြွမြန်းလာသည်ဖြစ်ရာ ဤတကြိမ်သည် ပို၍ပင် ပျော်ရွှင်ဖွယ်ကောင်းလှလေသည်။

“ ထပါဦး သားတော်ရဲ့။ ရှေ့ကို တိုးခဲ့ဦး ”

ဧကရီဘုရင်မချန်စွန်းက မိန့်ကြားလိုက်သည်။

သူမတွင် သာယာနာပျော်ဖွယ်ကောင်းသည့်အသံသာမက ဩချရလောက်သည့် အလှတရားနှင့် ယဉ်ကျေးသိမ်မွေ့လှသော အမူအရာတို့ပါ ရှိလေရာ အရှင်မင်းကြီးလီရှစ်မင် နှစ်သက်မည်ဆိုလည်း နှစ်သက်လောက်ပါပေသည်။
ဧကရီဘုရင်မ ပြောကြားသည့်အတိုင်း သူလည်း အနားသို့ သွားလိုက်သည်။

ဘုရင်မသည် လီယင်ကို ခေတ္တမျှ စေ့စေ့ပေါက်ပေါက်ကြည့်ပြီးနောက် သူမ၏ဘေးတွင်ထိုင်နေသော ကြင်ယာတော်ယန်ဘက်သို့လှည့်ကာ မိန့်ကြားလိုက်သည်။

“ သားတော်လီယင်ဟာ အမှန်တကယ်ပဲ ရန်လိုစိတ်များနည်းပါးသွားပုံရသားပဲ"

ကြင်ယာတော်ယန်သည်လည်း ပြုံးပြီး အသနားခံလိုက်၏။

“ အစ်မတော်ရဲ့ လူတွေအပေါ်ကြည့်တဲ့ အမြင်တွေဟာ မှန်ကန်လှပါပေတယ်။ သားတော်လေးက အမှန်တကယ်ကို သူ့အပြစ်တွေအပေါ် နောင်တရနေပါပြီ။ အရှင်မင်းကြီးထံမှာလည်း သားတော်လေးနဲ့ ပတ်သက်ပြီး စကားကောင်းလေးတွေ ပြောပေးဖို့ မျှော်လင့်ပါတယ်။ ”

“ စိတ်မပူပါနဲ့ ညီမတော်ရဲ့။ သားတော်လေးက အသက်အရွယ်ငယ်သေးလို့ပါ။ ဘယ်သူမဆို ငယ်ရွယ်တုန်းမှာ ပေါ့ပေါ့တန်တန်နေမိတတ်ကြပါတယ်။ အရှင်မင်းကြီးကို သေချာဖျောင်းဖျပေးပါမယ်။ ”
ဧကရီမှ အာမခံလိုက်လေတော့သည်။

စကားပြောဆိုပြီးသွားသည့်အခါ ရောက်လာကြသော ကြင်ယာတော်များကိုတွေ့လိုက်သဖြင့် လာရင်းကိစ္စကို ပြန်သတိရသွားပြီးမှ လီယင်ကို ကြည့်ကာ ဆက်မေးလိုက်သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်حيث تعيش القصص. اكتشف الآن