108

343 22 0
                                    

အခန်း၁၀၈။ ပထမဆုံးသတင်းစာ(၂)

ဝမ်ကျန့်က သေသပ်လှသော ပုံနှိပ်ပြားများကို ကျေနပ်စွာကြည့်ကာ -

“ လေ့ကျင့်သင်ကြားရေးအချိန်တုန်းက ကျုပ် အရှင့်သားကို မေးဖူးတယ်ဗျ။ အရှင့်သားကတော့ ဒီပုံနှိပ်စက်က ဟွားရှပြည်ကလာတဲ့ ခဲနဲ့လုပ်တဲ့ ပုံနှိပ်စက်တစ်မျိုးတဲ့။ အဲ့ဒီ့တိုင်းပြည်မှာဆိုရင် ဒီလိုစက်တွေပဲ သုံးကြတာတဲ့ ” ဟု ဖြေလိုက်၏။

“ အဲ့ဒီတိုင်းပြည်က အံ့ဩဖို့ကောင်းလှချည်ပါလား။ ပုံနှိပ်ပြားတွေကိုစီပြီး သတင်းစာပေါ် လှိမ့်ချလိုက်တာနဲ့ သတင်းစာတစ်စောင် တန်းထွက်လာတယ် ”

စကားတပြောပြောဖြင့်ပင် အဆိုပါ ပုံနှိပ်သမားလည်း ပုံနှိပ်ပြားကို တပ်ဆင်ကာ ဒလှိမ့်တုံးဖြင့် သတင်းစာပေါ်လှိမ့်ချလိုက်လေသည်။ သတင်းစာဆီမှ လတ်လတ်ဆတ်ဆတ်မှင်နံ့လေး ထွက်လာချေသည်။
ဤသို့ဖြင့် ဝမ်ကျန့်လည်း သတင်းစာကိုယူလာကာ လီယင့်ဆီ လာခဲ့လိုက်ရာ စုမောအာသည် ပေါ့ပေ့ါပါးပါးပင် မှီကာ လီယင်ရှင်းပြသည်အား နားထောင်နေသည်ကို တွေ့လိုက်ရ၏။ ၎င်းတို့နှစ်ယောက်၏ ဟန်ပန်မှာ လက်ထပ်ပြီးသော ဇနီးမောင်နှံအလား ရင်းနှီးနေသဖြင့် ဝမ်ကျန့်မှာ မျက်ခုံးများပင် ပင့်သွားလေသည်။

“ အဟမ်း … ”

တံခါးဝတွင် ရပ်ကာ ဝမ်ကျန့်က ချောင်းဆိုးချင်ယောင်ဆောင်လိုက်သည်။

စုမောအာက ရှက်ရှက်နှင့် ထရပ်လိုက်လေ၏။ လီယင်လည်း ဝင်လာသော ဝမ်ကျန့်ကို မြင်သွားကာ -

“ ပုံနှိပ်ပြီးပြီလား ” ဟု မေးလိုက်၏။

“ ဟုတ်ကဲ့၊ ပြီးပါပြီ အရှင့်သား ” ဟု ဆိုကာ ဝမ်ကျန့်လည်း သတင်းစာအား လီယင့်ထံ ကမ်းပေးလိုက်သည်။

“ အင်း…. ရလဒ်ကတော့ ကောင်းပါတယ်။ အရှင်မင်းကြီးဆီက ခွင့်ပြုချက်သာရရင် အများကြီးထုတ်ရမှာမို့ ကိုယ်တော့်ဆီက သတင်းကိုသာ စောင့်နေတော့။ မနက်ဖြန်ကျရင် လွှတ်တော်အရာရှိတိုင်းရဲ့ မိသားစုတွေဆီရယ်၊ ဈေးဆိုင်တွေ ပြတိုက်တွေဆီရယ်ကို တစ်စောင်စီပို့်မယ်။ ပထမဆုံးလကိုတော့ အခမဲ့ဖတ်ခိုင်းမယ် ”

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now