138

251 13 0
                                    

အခန်း၁၃၈။ သတင်းဆိုးထွက်ခြင်း

လမ်းတစ်လျှောက်လုံး လီယင်နှင့် လီခယ့်တို့ စကားပြောလာကြပြီးနောက်  ကျူးချွယ်လမ်း၌ လမ်းခွဲလိုက်ကြပြီး စံအိမ်ဆီသို့ အသီးသီးပြန်ခဲ့လိုက်ကြသည်။ ကျဲ့လီနှင့်ပတ်သက်သည်ကို သူလက်လှမ်းမမီသဖြင့် လီရှစ်မင်အား အကြံပေးရုံသာပေးနိုင်ပေသည်။ စစ်တပ်များစေလွှတ်ရမည့် ကိစ္စနှင့်ပတ်သက်လျှင်တော့ ရန်ဖြစ်ရ၊ ဖြစ်ရ သူမလုပ်နိုင်။ သူလုပ်ပေးနိုင်သည်က တိုင်းပြည်ကြီး ကြွယ်ဝချမ်းသာလာအောင်နှင့် စစ်တပ်အင်အားတောင့်တင်းလာအောင်သာ စကားဖြင့် အကြံပေးခြင်းဖြစ်၏။

စံအိမ်သို့ပြန်ရောက်ပြီး ဖင်ပူအောင်ပင် မထိုင်ရသေးခင် စုမောအာရောက်လာကာ ပြောလိုက်သည့် သတင်းကြောင့် လီယင်လန့်သွားသည်။

“ လီချွန်းယွမ်က မိန်းမ မရှိတော့ဘူး ”

အကြောင်းမရှိပဲ စုမောအာ ဤကဲ့သို့ပြောမည် မဟုတ်ကြောင်းကို လီယင်သိသည်။ ထို့ကြောင့် လီယင်သည် စုမောအာကို စိုက်ကြည့်ကာ မေးလိုက်၏။

“ မင်း ဘာကိုဆိုလိုချင်တာလဲ ”

“ ကျွန်မရဲ့လူတွေက ချမ်အန်းကနေ ဝတ်ရုံလွှာခြုံထားတဲ့ မိန်းမတစ်ယောက်နဲ့ တူရကီလေးယောက် ထွက်သွားတာကို မြင်လိုက်တယ်လို့ ပြောတယ်။ အဲ့ဒီ့အမျိုးသမီးရဲ့ ပုံသဏ္ဌာန်ကိုလည်း ရင်းရင်းနှီးနှီးမြင်ဖူးတယ်လို့ ပြောတယ်။ အဲ့ဒါကြောင့် ကျွန်မလည်း လူလွှတ်ပြီး လီချွန်းအဆောင်ဆီကို သွားကြည့်ခိုင်းလိုက်တာ။ ထင်တဲ့အတိုင်းပဲ။ လီချွန်းယွမ်ကမိန်းမပျောက်နေတယ်လေ ”

စုမောအာက စဉ်းစားပြီးမှ ဆက်ပြောလိုက်သည်။

“ အဲ့ဒါကြောင့် အဲ့ဒီ့မိန်းမ ပါဝင်ပတ်သက်နေမယ်လို့ ယူဆလိုက်တာပါ ... ”

ချမ်အန်းပြည်မှ ပြည်သူတော်တော်များများသည် တူရကီတစ်ဦးလွတ်သွားသည်ကိုသာ သိကြသည်။ ရှဲ့လီမှန်းမသိကြပေ။ စုမောအာ၏ သတင်းအချက်အလက်ဌာနပင်လျှင် တည်ထောင်ထားသည်မှာ မကြာသေးသည့်အတွက် ထိုကဲ့သို့သော သတင်းမျိုး မရသေးပေ။ ထို့ကြောင့် အမှန်တကယ် ဘာဖြစ်နေတာမှန်း သူတို့မသိကြ။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now