82

463 36 0
                                    

အခန်း၈၂။ ချမ်အန်းပြည်၏ ရေကြီးမှု။

ထိုက်ကျိနန်းတော်ထဲတွင်မူ များစွာသော မှူးကြီးမတ်ရာတို့သည် ဘယ်၊ ညာ နှစ်ဖက်ခွဲကာ ရပ်နေကြလျက် တီးတိုးပြောနေကြသည်။ နဂါးထိုင်ခုံပေါ်တွင် ခန့်ညားစွာထိုင်နေသော လီရှစ်မင်သည် အမတ်များကို အကဲခတ်သည့်ဟန်နှင့် ကြည့်နေလေ၏။

“ အရှင်မင်းကြီး၊ ချမ်အန်းပြည်မှာ ခဏခဏ ရေကြီးခဲ့ဖူးပါတယ်။ ပြီးရင် ရာသီဥတုဒဏ်နဲ့ပဲ မကြာခင် သူ့အလိုလို ရေတွေပျောက်သွားမှာပါ။ ကျွန်တော်မျိုးကတော့ ဒီကိစ္စအတွက်နဲ့ လူအား၊ ငွေအားတွေ အကုန်ခံစရာမလိုဘူးလို့ ထင်မြင်ယူဆပါတယ် အရှင်မင်းကြီး ” ဟု ရုံးတော်မှ ကွန်ဖြူးရှပ်၏စိတ်နေစိတ်ထားရှိသူ အမတ်တစ်ယောက်က ပြောသည်။ ထိုသူမှာ ချင်မင်းဆက်ခေတ်ကတည်းက လီရှစ်မင် မင်းကြီး၏အပါးတွင် ခစားခဲ့သူ ယောင်စစ်လျန်ပင် ဖြစ်၏။ ချင်မင်းဆက်ခေတ်ကတည်းက နန်းတော်တွင် ခစားခဲ့သည့် ပညာရှိကြီး ၁၈ယောက်အနက်မှ တစ်ယောက်ပင်တည်း။

ရှေ့နားလေးတွင်ရပ်နေသော ချန်စွန်းဝူကျီးက လှောင်ပြုံးပြုံးလိုက်သည်။ အရှင်မင်းကြီး ဆိုလိုချင်သည်ကို ဤယောင်စစ်လျန်မသိ၊ တုံးအလှပေစွ။ ဤအရေးကိစ္စကို လွှတ်တော်တွင် ထုတ်ပြောလာသည်ဆိုကတည်းက အရှင်မင်းကြီးသည် ဤပြဿနာကို ဖြေရှင်းလိုခြင်းဖြစ်သည်။ ယခင်မင်းဆက်အဆက်ဆက်က ဤပြဿနာကို မရှင်းနိုင်ခဲ့ပေ။ အရှင်မင်းကြီး လီရှစ်မင်လက်ထက်ကျမှ ရှင်းနိုင်ခဲ့လျှင် လီရှစ်မင်မင်းကြီးသည် ဘုန်းလက်ရုံး ဉာဏ်ပညာနှင့် ပြည့်စုံသော မင်းတစ်ပါးဖြစ်ကြောင်း ရာဇဝင်တွင် သက်သေထူနိုင်မည်မဟုတ်လား။

“ အမတ်ကြီး ယောင် ရဲ့ အမြင်ကို ကျွန်တော်မျိုး ငြင်းပယ်လိုပါတယ်။ ဒီလိုရေကြီးခြင်းကြောင့် နှစ်တိုင်းနှစ်တိုင်းမှာ ပြည်သူတွေ ဒုက္ခရောက်ခဲ့ရပြီးပါပြီ။ အရှင်မင်းကြီးရဲ့ အာဏာစက်အောက်မှာ ဒီလိုထပ်ဖြစ်ရင် ပြည်သူတွေရဲ့ လက်ညှိုးက နန်းတော်ဆီကိုပဲ ဝိုင်းထိုးကြမယ့်အဖြစ်မျိုး အဖြစ်မခံသင့်ပါဘူး အရှင်မင်းကြီး ” ဟု ချန်စွန်းဝူကျီးက ပြောရာ လီရှစ်မင်က ခေါင်းတညိတ်ညိတ်လုပ်၍ -

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now