31

787 83 0
                                    

(ခဏခဏ မတင်အားလို့ တစ်ခါတည်း စုတင်ပေလိုက်ပါပြီ)

အခန်း၃၁။ တရုတ်ဇီးသီးပွင့်မှ ထုတ်လုပ်သော ဝိုင်ကို အကြောင်းပြုကာ ဖြစ်ပေါ်လာသည့် ဆုချီးမြှင့်မည့် ကဗျာရွတ်ပြိုင်ပွဲ။

ထိုစဉ် မှီငြမ်းစရာ အကြံတစ်ခုရလိုက်သည်။ ခေတ်သစ်တွင် ကုန်ပစ္စည်းတစ်ခု အောင်မြင်လိုလျှင် ကြော်ငြာများ တောက်လျှောက်ထည့်ကာ ဝယ်သူသည့်သူများအတွက် အကျိုးခံစားခွင့်များ ဖောဖောသီသီပေးလေ့ရှိသည်။

ဤခေတ်တွင်မူ တီဗွီမရှိ၍ ကြော်ငြာထည့်ဖို့ဆိုသည်မှာ ဖြစ်နိုင်မလားဆိုတာ စဉ်းစားစရာပင်မလိုပေ။ သို့သော်လည်း ပွဲလမ်းသဘင်များကို စီစဉ်ကာ ကျင်းပနိုင်သေးသည်။

ဤခေတ်တွင် လူတို့သည် ပညာရှိ ပညာတတ်များကို သဘောကျလေးစားကြကာ စာဖတ်၊ ကဗျာဖတ်ပွဲများ ခဏခဏပြုလုပ်လေ့ရှိကြပြီး လူတိုင်းသည်လည်း ထိုပွဲများတွင် ပါဝင်ရန် စိတ်အားထက်သန်ကြလေသည်။

အဆိုပါပွဲများတွင် ပညာတတ်ပုဂ္ဂိုလ်များ၊ စာသင်သားများသည် ဝိုင်သောက်ကာ ကဗျာရွတ်လေ့ရှိတတ်ကြသည်။ အဆိုပါ ပွဲများကျင်းပရန် အကောင်းဆုံးနေရာမှာလည်း ချွီကျန်းမြစ်ကမ်းဘေးတွင် ဖြစ်လေသည်။ ချမ်အန်းပြည်ကြီးတော့ ရုတ်ရုတ်သဲသဲဖြစ်ချေဦးမည်။
ချမ်အန်းမြို့တွင်းရှိ စားသောက်ဆိုင်တစ်ခုတွင် -

“ အစ်ကို ထန် ”

“ ညီလေး တူ ”

“ မင်းသားတော် ခြောက် စီစဉ်တဲ့ ချွီကျန်းမြစ်နံဘေးမှာ ကျင်းပမယ့် ချမ်အန်းရဲ့ ပထမဆုံး ကဗျာရွတ်ပြိုင်ပွဲရှိလို့ အစ်ကို အခုတလော အိမ်ကပ်ပြီး က‌ဗျာတွေ၊ စာတွေ ပြန်လေ့လာနေတယ်ဆို။ ”

“ ညီလေး တူ အထင်မှားတာပါကွာ။ အစ်ကိုက အခုတလော အအေးမိသလိုဖြစ်နေလို့ ရက်ပိုင်းလောက် အိမ်မှာနားနေတာပါ။ ညီလေးကမှ နေ့တိုင်း တောက်လျှောက် စာရေးကျင့်နေတယ်ဆို။ အရှင့်သားချီးမြှင့်မယ့်ဆုကြေးငွေက လူတိုင်းကို မရရအောင် ကြိုးစားချင်စိတ်တွေ ဖြစ်စေတယ်နဲ့တူပါတယ်ကွာ။ ”

“ အစ်ကို ထန် ကတော့ မသိပဲ ပြောနေပြန်ပြီ။ ဒီစာအုပ်က လမ်းမှာတွေ့လို့ ကောက်လာတာပါ အစ်ကိုရဲ့။ အခုခေတ်လူတွေများ ဒီလိုမျိုးတွေ လျှောက်လျှောက်ပစ်နေတော့တာပဲ။ ”

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now