111

337 23 0
                                    

အခန်း၁၁၁။။နာရီ၏ အကျိုးဆက်များ။

အမတ်နှစ်ဦး စုကျခူလမ်း၌ ဆုံမိကြရာဝယ် -

“ အမတ်ကြီး လျို့ ပါလား ”

“ ဟာ .. အမတ်ကြီး ကျန်း ”

“ အရှင့်သားက အင်မတန်ဆန်းကျယ်တဲ့နာရီတစ်လုံး လက်ဆောင်ပေးထားတယ်ဆို ...  ကျုပ်ကို ခဏလောက်ပြပါဦးဗျ ”

အမတ်ကြီး လျို့ကတော့ ဂုဏ်ယူစွာဖြင့် -

“ ရပါတယ်ဗျာ .. ကြည့်ပါ ” ဟု ပြလိုက်လေသည်။
အမတ်ကြီး ကျန်း ကလည်း နာရီကို ယူလိုက်ပြီးနောက် -

“ အမတ်ကြီး လျို့… ခင်ဗျားနဲ့ကျုပ်ဟာ မင်းဆက်တစ်ခေတ်တည်းမှာ တာဝန်အတူထမ်းခဲ့ကြတာ နှစ်ပေါင်းအတော်ကြာခဲ့ပြီနော်။ ညီအစ်ကိုတွေလို့ဆိုရင်တောင် မှားမယ်မထင်ဘူး ” ဟု စကားဦးသမ်း၏။

အမတ်ကြီးလျို့ကလည်း -

“ မှန်တာပေါ့ဗျာ ” ဟု ထောက်ခံလိုက်သည်။ ထိုအခါ အမတ်ကြီး ကျန်း က နာရီအား ဝတ်လိုက်ပြီး -

“ ညီအစ်ကိုတွေဆိုတော့ နာရီလေး တစ်ရက်လောက် ငှားလို့ရမလား ” ဟု မေးလိုက်ရာ -

“ မနေ့ကတင်ပဲ တစ်ရက်ငှားသွားသေးတယ် မဟုတ်ဘူးလား ”

“ ထပ်ငှားပါလားလို့ …. ”

“ … ”

ချမ်အန်းပြည်ရှိ စားသောက်ဆိုင်တစ်ခုတွင်မူ သခင်လေးတစ်ဦးသည် လက်ပိုက်၍ ဝိုင်စားပွဲတစ်လုံးရှေ့တွင် ထိုင်နေကာ ၎င်း၏ဘေးပတ်ပတ်လည်တွင်လည်း သခင်လေးများ ဝန်းရံလျက် ရှိနေ၏။

“ ဒါကဘာလဲ သိကွလား ”

အခြားသခင်လေးများအားလုံး ခေါင်းယမ်းပြကြလေသည်။

ထိုအခါ မေးလိုက်သည်သခင်လေးသည် စိတ်ကြီးဝင်စွာဖြင့် ပြုံးလိုက်ကာ -

“ ဒါကို လက်ပတ်နာရီလို့ခေါ်တယ်ကွ။ ဟိုးမိုင်ပေါင်းဆယ်သိန်းလောက်ကွာဝေးတဲ့ ဟွားရှပြည်ကနေ အရှင့်သားတော် ခြောက် ဝယ်လာတာ။ ဒီနိုင်ငံတော်တစ်ခုလုံးမှာ အလုံးတစ်ရာပဲရှိတယ်။ တစ်လုံးကိုလည်းကြေးပြားတစ်ထောင်လောက်တန်တယ်ကွ ” ဟု မော်ကြွားစွာပြုံးလိုက်၏။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now