123

283 16 0
                                    

အခန်း၁၂၃။ မြေအောက်ခန်းတူးခြင်း

ကြင်ယာတော်ယန်ပြောသည့်စကားကို လီယင်နားလည်၏။ တော်ဝင်မိသားစုမှ မွေးဖွားလာသည့် မင်းသားတစ်ပါးဖြစ်သည့်အလျောက် ရှောင်လွှဲ၍မရနိုင်သော ကံကြမ္မာဆိုးများ ရှိလာနိုင်သေးသည်။ လောကဓံ၏ အလှည့်အပြောင်းကား မြန်ဆန်လွန်းတတ်ပေသည်။ ထို့ကြောင့် မမြင်ရသော အန္တရာယ်များစွာအတွက် ဘက်ပေါင်းစုံမှ ပြင်ဆင်ထားသင့်ပေ၏။

မြေအောက်ပိုက်လိုင်း တည်ဆောက်ခြင်းလုပ်ငန်းက ပြီးလုနီးပါးဖြစ်ချေပြီ။ ဟိုနည်းနည်း ဒီနည်းနည်း အလုပ်လေးအချောသတ်ရုံသာ ကျန်တော့လေသည်။ ခုန်းချီနှင့် ဝမ့်ရှန်တို့နှစ်ဦးတည်းအင်အားဖြင့် ကိုင်တွယ်နိုင်သောကြောင့် လီယင်လည်း အချိန်ပြည့်ပြန်လည်အားလပ်သွားလေတော့၏။

တစ်နေ့တွင် လီယင်တစ်ယောက် ထန်နိုင်ငံသမိုင်းကြောင်းကို ဖတ်နေစဉ် ဘဏ္ဍာထိန်း ကောင်းကျန့်ဖန်နှင့် အိမ်တော်ထိန်း ကျင်းတချမ်တို့သည် အပြုံးကိုယ်စီနှင့် အနားသို့ရောက်လာကြလေ၏။ ထို့ကြောင့် လီယင်လည်း အထူးအဆန်းဖြစ်ကာ -

“ ဘာတွေအဲ့လောက်ပျော်နေကြတာလဲ ” ဟု မေးလိုက်တော့သည်။

ထိုအခါ တော်ဝင်ဘဏ္ဍာထိန်း ကောင်း က -

“ ကျွန်တော်မျိုးတို့ အရှင့်သားအတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ မြေအောက်ခန်းဟာ မဆံ့တော့တဲ့အတွက် နောက်တစ်ခု ထပ်တူးရပါတော့မယ် ” ဟု ဖြေလေ၏။

“ ဟင် … စံအိမ်ရဲ့ မြေအောက်ခန်းက အကြီးကြီးမဟုတ်ဘူးလား။ ဘာထည့်ထည့် ဆံ့လောက်မယ့် အရွယ်အစားပါ။ မဟုတ်ဘူးလား ”

လီယင်မှတ်မိသလောက်ကတော့ စံအိမ်တော်၏ မြေအောက်ခန်းသည် ကုဗမီတာ သုံး၊ လေးရာခန့် ကျယ်ဝန်းသည်သာ။ လီယင့်အမေးကြောင့် ကျင်းတချမ်က ပြုံးကာ -

“ အရင်တုန်းကတော့ ဆံ့ခဲ့ပါတယ် အရှင့်သား။ ဒါပေမယ့် စံအိမ်တော်ဟာ ‌အခုနောက်ပိုင်းမှာ နေ့တိုင်းငွေတွေဝင်နေတာမို့ ကြေးပြားအိုးတွေဟာ မြေအောက်ခန်းပြည့်လုနီးပါးတောင် ဖြစ်နေပါပြီ ” ဟု ‌ပြောလိုက်သောအခါ လီယင်လည်း အံ့ဩဝမ်းသာလွန်းစွာဖြင့် ပါးစပ်ကြီးဟသွားကာ -

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now