134

266 11 0
                                    

အခန်း၁၃၄။ လွတ်မြောက်ခြင်း

အလစ်တိုက်ခိုက်မှု ကျရှုံးသွားသောအခါ အဆိုပါလူသည် လီကျင့်အား ခုန်အုပ်ကာ ဓားဖြင့်ထိုးရန် ကြိုးစားလေ၏။ လီကျင့်၏ ကိုယ်ရံတော်တပ်သားများမှာ ဓားများကို လျင်မြန်စွာထုတ်လိုက်ကြကာ ကာကွယ်လိုက်ကြလေသည်။

အဆိုပါစစ်သည်တို့မှာ လီကျင့်၏ တပ်သားများဖြစ်သည့်အပြင် တိုက်ပွဲပေါင်းရာနှင့်ချီ တိုက်လာခဲ့ဖူးသောသူများ ဖြစ်ကြသည်။ တူရကီလူကြီးမှာတော့ မည်မျှပင်ရဲရင့်စေကာမူ သူ့တွင်အားကိုးစရာ လက်သီးနှစ်ဖက်သာ ရှိသည့်အပြင် တိုက်ကွက်အနည်းငယ်ကိုသာ သူကျွမ်းကျင်လေသည်။

လီကျင့်က သေဆုံးနေပြီဖြစ်သည့် စစ်သည်များကို ကြည့်လိုက်ကာ ဒေါသမီးများတောက်လောင်လာသော်လည်း ဤအချိန်ကား ဒေါသကို ရှေ့တန်းတင်ရမည့်အချိန်မဟုတ်မှန်း သတိပြန်ကပ်လိုက်ပြီးနောက် -

“ သွားကြ … ချမ်အန်းရဲ့ ဂိတ်တံခါးတွေအားလုံး ပိတ်ခိုင်းလိုက်ကြ ” ဟု စစ်သည်များအား အမိန့်ပေးလိုက်လေတော့သည်။

စံအိမ်မှ လွတ်လာသော အာ့ရှစ်နာလန်နှင့် ကျဲ့လီတို့ကတော့ လျှို့ဝှက်တပ်သားတစ်ဦးစောင့်နေသည့် အန်းဟွာဂိတ်တံခါးဆီသို့သွားရန် စုကျခုလမ်းမကြီးအတိုင်း ဦးတည်ပြေးခဲ့ကြသည်။

“ သွားစမ်း .. ”

အာ့ရှစ်နာလန်သည် မြင်းအား အလောတကြီးနှင်ကာ လမ်းတဖက်သို့ ဖြတ်မည်ကြံစည်တွင် လှည်းတစ်စီးနှင့် တိုက်မိလေတော့၏။

မြင်းနှင့် လှည်းတို့မှာ အရှိန်ဖြင့်တိုက်မိကြသောကြောင့် အာ့ရှစ်နာလန်သည် မြင်းပေါ်မှ အဝေးသို့ လွင့်သွားကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျသွားလေသည်။ အာ့ရှစ်နာလန်တစ်ယောက် ‌ဒေါသသွေးတို့ ပွက်ပွက်ဆူလာသည်ကို ခံစားလိုက်ရသော်လည်း အလွန်မူးဝေလာကာ မကြာမီမှာပင် သတိလစ်သွားခဲ့တော့၏။

“ အိမ်ရှေ့စံမင်းသားတော် … ”

တစ်ဖက်မှ ဝင်တိုက်သော လှည်းနောက်မှ လိုက်ပါလာကြသော သက်တော်စောင့်တို့သည် တိမ်းမှောက်နေသော လှည်းကြီးကိုတွေ့ရသောကြောင့် အလျင်အမြန်ပင် အနားရောက်လာကြပြီး လီချမ်ချန့်အား လှည်းထဲမှ ကူထုတ်ပေးလိုက်ကြလေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now