131

287 15 0
                                    

အခန်း၁၃၁။ ဝယ်ယူခြင်း

လီယင်သည် ရှယန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ရင်း တွေးနေမိသည်။ ရှယန်လို အသက်ငယ်ငယ် ရုပ်ချောချောအမျိုးသမီးတစ်ယောက်က ယခုလို ကုမ္ပဏီ၏ အချက်အချာကျသော ရာထူးကို ရထားသည်မှာ ကိုယ်ပိုင်အစွမ်းအစကြောင့်ဖြစ်မည်ဟု သိပ်မယုံချင်ပေ။ မည်သူမဆို ဤကဲ့သို့ပင် တွေးမိပေလိမ့်မည်သာ။

“ မန်နေဂျာ ရှ က အတော်ငယ်သေးတာပဲ။ ဒီလို အသက်ငယ်ငယ်ရွယ်ရွယ်မှာ ကုမ္ပဏီရဲ့ CEO တစ်ယောက်ဖြစ်လာတာ ကျွန်တော်တော့ အင်မတန် အထင်ကြီးလေးစားမိပါတယ် ”

ရှယန်ကတော့ ပြုံးသာပြုံးနေသည်။ သူမအတွက်တော့ ထိုကဲ့သို့ မယုံသင်္ကာမျက်လုံးများကို အသားကျနေပြီသာဖြစ်လေသည်။ လူတိုင်းလိုလိုကတော့ မိန်းမလှလှတစ်ဦး ဤနေရာကို ရောက်လာဖို့ ခန္ဓာကိုယ်ကို ရင်းခဲ့ခြင်းသာဖြစ်မည်ဟု ကောက်ချက်ချတတ်ကြသည် မဟုတ်လား။ အစပထမကတော့ ရှက်ရွံ့ဒေါသထွက်မိသော်လည်း နှစ်အနည်းငယ်ကြာလာသည့်အခါမှာတော့ သူမ အပြုံးနှင့် ပြန်လည်တုံ့ပြန်လာနိုင်ချေပြီ။ လူတို့၏ ထင်မြင်ချက်အပေါ်လိုက်၍ အသက်ရှင်ရခြင်းမျိုး မဖြစ်စေရဟု သူမဆုံးဖြတ်လိုက်သည်။ သူမဘဝကို သူမသာ ပိုင်လေသည်။ ကိုယ်ကျင့်တရားကောင်းဖို့သာလျှင် အရေးကြီးသည်ဟု သူမ ခံယူထား၏။

“ ဥက္ကဌ လီ ကလည်း အတော်ငယ်သေးတာပဲနော် ”

ရှယန်သည် လီယင်ပြောလိုက်သည့် ‘ အတော်ငယ်သေးသည် ’ ဟူသည့် စကားကို နင်းပြောကာ ပြန်ချေပလိုက်သည်။

ဘေးမှနားထောင်နေသည့် ယန်းစုရှင်းကတော့ သူမပါးစပ်ကို အုပ်ကာ ရယ်လေ၏။

“ ဥက္ကဌ .. ရှယန် အသက်ငယ်တာနဲ့ပဲ အထင်မမှားနဲ့နော်။ သူက ငယ်ငယ်လေးကတည်းက အရမ်းထက်မြက်တာ။ ကျွန်မတို့ကျောင်းမှာတုန်းကဆို အထက်တန်းပထမနှစ် စတက်ကတည်းက တရုတ်နိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်တစ်ခုဆီမှာ ဝင်ခွင့်အောင်သွားတာလေ။  ပြီးတော့ နိုင်ငံခြားမှာပါ ကျောင်းဆက်တက်ခဲ့တာ။ ဒေါက်တာဘွဲ့တောင် နှစ်ခုလောက်ရပြီးပြီ ” ဟု ယန်းစုရှင်းက ပြောပြလာလေသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Nơi câu chuyện tồn tại. Hãy khám phá bây giờ