115

318 21 0
                                    

အခန်း၁၁၅။ မြေအောက်ပိုက်လိုင်းများ စတင်တူးဖော်ပြီ(၂)

၎င်းတို့ထံသို့ နန်းတွင်းမှ မှူးမတ်အစုအဝေးကြီး လျှောက်လာသည်ကို မြင်တွေ့လိုက်ရသော ယာယီတဲထဲမှ အလုပ်သမားတစ်စုသည် အနည်းငယ် စိတ်လှုပ်ရှားနေကြလေသည်။ ဗဟုသုတအနည်းငယ်ရှိသူ အလုပ်သမားတစ်ဦးကတော့ လီရှစ်မင်၏ ဝတ်ရုံပေါ်မှ နဂါးရုပ်ကို မြင်သည်နှင့် ချက်ချင်း ဒူးထောက်လိုက်ကာ -

“ အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ ” ဟု ဦးညွှတ်နှုတ်ဆက်လိုက်လေ၏။ ထိုအခါမှ ကျန်လူများအားလုံးလည်း ကြောက်ရွံ့သွားကြပြီး ဒူးထောက်ထိုင်ချလိုက်ကြကာ -

“ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ ” ဟု ဝိုင်းနှုတ်ဆက်လိုက်ကြလေသည်။

အရှင်မင်းကြီး လီရှစ်မင်သည် ပြည်သူပြည်သားတို့၏ အရေးပါမှုကို အစဉ်အသိအမှတ်ပြုခဲ့သူဖြစ်သည်။ သူသည် ‘ ရှင်ဘုရင်သည် လှေ ဆိုလျှင် ပြည်သူများသည် ရေ ဖြစ်သည် ’ ဟူသော စကားကို လက်ကိုင်ထားသူ ဖြစ်လေသည်။ ထို့ကြောင့် သူသည် ကြင်နာစွာပင် -

“ ထပါ .. အားလုံး ပင်ပင်ပန်းပန်းကြိုးစားခဲ့ကြပါပေတယ် ” ဟု ပြောလိုက်၏။ ထို့နောက် ၎င်းတို့၏ လက်ထဲမှ ပန်းကန်လုံးနှင့် ပန်ကိတ်များသောမြင်သောအခါ လီရှစ်မင်က -

“ စက်မှုဝန်ကြီးများရုံးတော်က ကျွေးတဲ့ အစားအစာကမဆိုးဘူးပဲ။ ပြောင်းဆန် ဆန်ပြုတ်တောင် ပါသေးတယ် ” ဟု တအံ့တဩပြောလိုက်ရာ အသက်ငါးဆယ်အရွယ်ခန့်ရှိပြီဖြစ်သည့် အလုပ်သမားတစ်ဦးမှ -

“ အရှင်မင်းကြီး .. ဒီအစားအစာတွေဟာ စက်မှုဝန်ကြီးများရုံးတော်က ပြင်ဆင်ပေးထားတဲ့ အစားအစာတွေ မဟုတ်ပါဘူးဘုရား။ ရုံးတော်ကပေးတဲ့ ပေါင်မုန့်တွေကို ကျွန်တော်မျိုးတို့စားနေတာ အရှင့်သားတော်ခြောက်က မြင်သွားပြီး အစားအစာတွေဟာ နည်းလွန်းတယ်ဆိုပြီးတော့ ပန်ကိတ်တွေနဲ့ ဆန်ပြုတ်တွေကို လုပ်ကျွေးခဲ့တာပါ အရှင်မင်းကြီး။ ဗိုက်ဝမှ အလုပ်လုပ်ဖို့ အားအင်အပြည့်ရှိမယ်လို့ အရှင့်သားတော်ခြောက်က ပြောပါသေးတယ် ” ဟု ဝင်ဖြေရှင်းလိုက်သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now