156

188 16 0
                                    

အခန်း၁၅၆။ ယီကျိုးမြို့တော်

“ မျန့်ကျိုးရောက်ပြီ ဟုတ်လား ”

လီယင်သည် ချမ်အန်းမှာရှိစဉ်ကတည်းက သူပြုလုပ်လာသည့် မြေပုံအား ထုတ်ကြည့်လိုက်သည်။ ၎င်းမြေပုံစာရွက်မှာ အမှန်တကယ်တော့ အင်တာနက်ပေါ်မှ ရှာတွေ့သော ထန်နိုင်ငံ၏ ရောင်စုံမြေပုံကို ဒေါင်းလုပ်ဆွဲကာ ပုံထုတ်ထားသောမြေပုံသာဖြစ်ပြီး ၎င်းမြေပုံပေါ်တွင် ယခုထန်နိုင်ငံခေတ်မှ မှတ်သားသင့်သည့် နေရာများကို မှတ်သားထားသော ပုံသာ ဖြစ်ချေသည်။

လီယင် မြေပုံကို ထုတ်ကြည့်လိုက်သောအခါ စွေ့ယင်းယင်းသည်လည်း ကိုယ်ကိုယို့ကာ အတူတူလာကြည့်သည်။ သူမအနေဖြင့် ဤကဲ့သို့ ဆန်းကြယ်လှသောအရာဝတ္ထုကို တစ်ခါမျှ မမြင်ဖူးချေ။ စာရွက်လေးတစ်ရွက်တည်းတွင် တောင်တန်းများ၊ မြစ်ချောင်းများ၊ မြို့တော်များ စသည့်နေရာများအားလုံးကို မှတ်သားထားပုံမှာ ထူးခြားလှသည်။

ထန်နိုင်ငံတော်အတွင်းရှိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အချက်အချာကျသောနေရာရှိ ကျန့်နန်လမ်းမကြီးဘေးတွင်တည်ရှိသော မျန့်ကျိုးပြည်သည် ယနေ့ခေတ် စီချွမ်းပြည်နယ်ရှိ မျန့်ယန်းမြို့ဖြစ်သည့်အပြင် ယီကျိုးပြည်သည် ယခု‌ခေတ် ချမ်းတုမြို့ဖြစ်၏။ ၎င်းနေရာသည် စီချွမ်ပြည်၏ လွင်ပြင်ဒေသဖြစ်သည့်နေရာတွင် တည်ရှိသောကြောင့် မြေပြန့်ဖြစ်သည့်အတွက် မြင်းလှည်းများဖြင့် သွားလာရန်မှာ အင်မတန်အဆင်ပြေသင့်လျော်လှသည်။

လမ်းခရီးတွင် အထွေအထူးပြဿနာ သို့မဟုတ် မတော်တဆမှုသာမဖြစ်ပါက အနည်းဆုံး သုံးရက်အတွင်း ယီကျိုးပြည်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

စွေ့ယင်းယင်းသည် မြေပုံကို စူးစမ်းကြည့်နေရင်းနှင့်ပင် မျန့်ကျိုးနှင့် ယီကျိုးတို့၏ တည်နေရာကို ရှာတွေ့ခဲ့သည်။  ၎င်းစီရင်စုနှစ်ခု၏အလယ်တွင် ကျစ်ကျိုးပြည် တည်ရှိသည်။ ထိုနေရာများကြာ အကွာအဝေးကိုကြည့်ကာ စွေ့ယင်းယင်းတစ်ယောက် နောက်ဆုံးတော့ ပြုံးသွားချေသည်။ ပန်းတိုင်သို့ ရောက်လုနီးနေပြီမဟုတ်လား။ ရက်အတော်ကြာ မြင်းစီးပြီး ခရီးနှင်ခဲ့ရသဖြင့် ဒီထက်ပို ဆက်မသွားချင်တော့ပေ။ ပင်ပန်းလှပြီဖြစ်ရှာသည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Unde poveștirile trăiesc. Descoperă acum