97

393 26 0
                                    

အခန်း၉၇။ လေလံပွဲပြီးဆုံးခြင်းနှင့် နာရီများဝယ်ယူခြင်း

အဆိုပါ ကျောက်စိမ်းလေလံပွဲကြီးကို ငါးရက်ကြာခန့် ကျင်းပခဲ့ပြီးသည့်နောက်မှာတော့ ကျောက်စိမ်းတုံးကြီးတစ်တုံးလုံး ရောင်းချနိုင်ခဲ့ချေပြီ။ ကမ္ဘာတဝှမ်းလုံးမှ မီဒီယာကြီးများကလည်း ဤကျောက်စိမ်းတုံးကြီးအကြောင်း အလုအယက်သတင်းကြေငြာနေကြသည်။  ၎င်းသတင်းမီဒီယာများထံမှ တင်ဆက်သော သတင်းများကြောင့် ကမ္ဘာအရပ်ရပ်မှ လူကုံထံများသည်လည်း ဤကျောက်စိမ်းတုံးကြီးအပေါ် စိတ်ဝင်စားမှု တစတစမြင့်တက်လာသည်။ ဤသို့ဖြင့် ကျောက်စိမ်း၏ဈေးသည်လည်း ဝယ်လိုအားမြင့်တက်လာခြင်းနှင့်အတူ ဈေးတရိပ်ရိပ်တက်လာချေ၏။ ကျောက်စိမ်းတုံးကြီးတစ်တုံးလုံး လေလံတင်ပြီးသွားသည့်အခါ ၎င်း၏တန်ဖိုးစုစုပေါင်းမှာ ၁၂.၃ ဘီလီယံအထိပင် လေလံအောင်ခဲ့တော့သည်။ ၎င်းကျောက်စိမ်းတုံးများထဲက တစ်တုံးဆိုလျှင် တစ်ခုတည်းနှင့်ပင် ၅ဘီလီယံခန့်ဖြင့် လေလံအောင်ခဲ့ချေ၏။

များစွာသောစည်းစိမ်များ ရလာပြီးသည့်နောက်မှာတော့ လီယင်သည် တိတ်တိတ်လေးကြိတ်ကာ အောင်ပွဲခံနေသည်။ ကျန်ကိစ္စများကိုလည်း ယန်စုရှင်းထံကိုသာ လွှဲပြောင်းတာဝန်ပေးထားသည်ဖြစ်ရာ ယန်စုရှင်းမှာ ရက်ပေါင်းတော်တော်များများ မီဒီယာကိစ္စများနှင့် နပန်းလုံးနေရတော့သည်။

ထို့ကြောင့် လီယင်သည် ယန်စုရှင်းအား တောင်းပန်သည့်အနေဖြင့် ကုမ္ပဏီ၏ အစုရှယ်ယာ ၁၀ရာခိုင်နှုန်းကို ပေးအပ်ခဲ့ရာ ဤတထန်လေလံအိမ်၌ ၎င်းတို့သားအဖ၏ရှယ်ယာစုစုပေါင်းမှာ ၃၀ ရာခိုင်နှုန်းခန့်ပင် ရှိနေပြီဖြစ်၏။

ဤများစွာသော ငွေများဖြင့် ဘာလုပ်ရမည်ဆိုတာကို လီယင်တစ်ယောက် အကြီးအကျယ်တွေးနေသည်။ ထန်မင်းဆက်ခေတ်ကို ပြန်ယူသွားဖို့ လေယာဉ်တင် သင်္ဘောလေးဘာလေးများ ဝယ်သွားရင်ကောင်းမလားဟု တွေးမိသည်။

သို့သော် လေယာဉ်တင် သင်္ဘောလောက်အထိတော့ ဝယ်၍မရသေး။ အခြားပိုအရေးကြီးသည့် ကိစ္စများ ရှိသေးသည်။ ဤမျှသော ငွေပမာဏနှင့်သာဆိုလျှင် ထန်နိုင်ငံတော်၏ စက်မှုလက်မှု ပိုမိုဖွံ့ဖြိုးလာစေရန် များစွာ အထောက်အကူပြုနိုင်ပေမည်။ စိတ်ကူးယဉ်ရုံတင် မဟုတ်ပဲ လက်တွေ့အကောင်အထည်ဖော်နိုင်ပေတော့မည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now