104

378 22 0
                                    

အခန်း၁၀၄။ ချင်ဟွိုက်ယွီ

လီယင်လည်း ခါးတွင်ချိတ်ထားသော သက်သေခံကဒ်ပြားကိုထုတ်ကာ ခေါင်းဆောင်ဖြစ်သူ ရဲမက်ဝူ၏ လက်ထဲထည့်ပေးလိုက်သည်။ ထိုအခါမှ သူလည်း လီယင်ကိုမြင်ပြီး ထိတ်လန့်သွားကာ -

“ ဟေ့ကောင် … ဒါ အရှင့်သားတော်ခြောက်ကွ။ ကန်းနေလား ” ဟု ၎င်း၏လက်အောက်ခံဖြစ်သည့်
လီယင်အားဖမ်းလိုက်သူ ရဲမက်အား ဆူလိုက်သည်။

“ အဲ့ဒါဆိုရင် ကိုယ်တော်သွားလို့ရပြီလား ” ဟု လီယင်ကမေးလိုက်သောအခါ ရဲမက်ဝူက ပျာပျာသလဲဖြင့် -

“ ရပါတယ် အရှင့်သား … သွားလိုရာ သွားတော်မူပါ ” ဟု ပြောရင်း ဘေးသို့ကပ်ကာ လမ်းဖယ်ပေးလိုက်၏။ ထို့နောက် ရဲမက်ဝူထံမှ အော်ဟစ်နေသံ အနည်းငယ်ကြားလိုက်ရပြီး ၎င်း၏မျက်နှာသည်လည်း တင်းမာသွားသည်။ ထို့နောက် တစ်နေရာဆီသို့ ၎င်းတို့ပြေးသွားကြလေ၏။

လီယင်လည်း မြင်းဖြင့်ပင် ဖြည်းဖြည်းစီးရင်း ဆက်လာခဲ့သည်။ သို့သော် စိတ်ထဲတွင် တစ်ခုခုမှားနေပြီဆိုတာတော့ သိလိုက်သည်။ ရဲမက်ဝူတို့ ပြေးသွားလိုက်သောဘက်မှ ခိုက်ရန်ဖြစ်ပွားသံအနည်းငယ်ကြားလိုက်ရသည်။ မကြာမီပင် ထိုအသံသည် လီယင်နှင့် တဖြည်းဖြည်း‌နီးလာလေတော့သည်။

အခြေအနေမကောင်းမှန်းရိပ်မိလိုက်သည်နှင့် လီယင်လည်း ထိုနေရာမှ ရှောင်ထွက်ရန် မြင်းကို ဒုန်းစိုင်းစီးရန် ပြင်လိုက်စဉ်မှာပင် သူ၏မြင်းပေါ်သို့ ရုတ်တရက်လူတစ်ယောက် ခုန်တက်လာခဲ့ပြီး တချိန်တည်းမှာပင် ၎င်း၏လည်ပင်းပေါ်၌ အေးမြသောအရာတစ်ခု၏ အထိအတွေ့ကို ခံစားလိုက်ရလေ၏။

“ သွား ”

ရဲမက်ဝူတို့၏ ခြေသံမှာ တဖြည်းဖြည်းနီးလာချေပြီ။ ထို့ကြောင့် ထိုလူရွယ်သည် လီယင်၏လည်ပင်းပေါ် ပိုဖိထားလိုက်ပြီး -

“ မသေချင်ရင် သွားစမ်း ” ဟု အမိန့်ပေးလိုက်သည်။

လီယင်လည်း ဇက်ကြိုးကို တင်းတင်းဆွဲကာ မြင်းကို ဒုန်းစိုင်းစီးခဲ့တော့သည်။ သို့သော် ထိုအသံမှာ ရင်းနှီးနေသဖြင့် လီယင်လည်း သိလိုစိတ်ကို သည်းမခံနိုင်တော့ပဲ မေးလိုက်တော့၏။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now